DVB Logo
Home
မြန်မာသတင်း
ကေအန်ပီပီနဲ့ အစိုးရကိုယ်စားလှယ်အဖွဲ့  အပစ်ရပ်ရေး လက်မှတ်ထိုး
DVB
·
March 7, 2012
ကေအန်ပီပီနဲ့ အစိုးရကိုယ်စားလှယ်အဖွဲ့  အပစ်ရပ်ရေး လက်မှတ်ထိုး
Donate to DVB

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ)နဲ့ မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့ ဒီနေ့ ဗုဒ္ဓဟူးနေ့ မှာ ကယားပြည်နယ် လွိုင်ကော်မြို့မှာ တွေ့ဆုံ ဆွေးနွေးပြီး အပစ်အခတ် ရပ်စဲရေး ပဏာမ သဘောတူ လက်မှတ်ထိုးခဲ့ကြပါတယ်။

[caption id="attachment_22268" align="alignleft" width="300" caption="ကေအန်ပီပီနှင့် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ လက်မှတ် ရေးထိုးစဉ်"][/caption]

လက်မှတ်ထိုးတဲ့ အချက်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးပွဲမှာ ပါဝင်တဲ့ ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက သည်လို ပြောပါတယ်။

“ပဏာမ သဘောတူညီချက် ၃ ချက် ပါတဲ့ဟာကို ဒီနေ့ သဘောတူ လက်မှတ် ထိုးလိုက်ပါတယ်။ ၁ အချက် က အပစ်အခတ်ရပ်စဲမယ်။ ၂ အချက်ကတော့ ဆက်ဆံရေး ရုံးခန်းတွေ အပြန်အလှန် ဖွင့်ပြီး ထူထောင်မယ်။ ၃ အချက် ကတော့​ ​နောက်ထပ် ပြုလုပ်မယ့် ပြည်ထောင်စုအဆင့်​  ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ဘယ်မှာ လုပ်မလဲ။ ဘယ်အချိန် လုပ် မလဲ။ ဒါလေးကို ဆက်ပြီးတော့ သတ်မှတ်မယ်။ ပြီးတော့ တပြိုင်နက်ထဲမှာ နောက်တဆင့်အတွက် ဆွေးနွေး ချင် တဲ့ အချက် ၂၀ ကို ကျနော်တို့ကို ပေးပါတယ်။ ကျနော်တို့ ယူသွားပြီးတော့ နောက် ၁ ပတ်မှာ ဆွေးနွေးနိုင်အောင် ပြင်ဆင်မယ် ပေါ့။” လို့ ပြောပါတယ်။

ဆက်ဆံရေးရုံးတွေကိုတော့ ကယားပြည်နယ်အတွင်းမှာရှိတဲ့ မြို့ ၇ မြို့လုံး မှာ ဖွင့်လှစ်မှာ ဖြစ်ပါတယ်။ နောက်တဆင့်အတွက် ကေအန်ပီပီဘက်က ဆွေးနွေးဖို့ တင်ပြထားတဲ့ အချက် ၂၀ ထဲမှာ ကေအန်ပီပီကို မတရားအသင်း အဖွဲ့အဖြစ် ထုတ်ပြန်ထားရာကနေ ၁၅ ရက်အတွင်း ရုပ်သိမ်းကြောင်း ကြေညာပေးဖို့၊ အပစ် အခတ် ရပ်စဲရေး သဘောတူညီမှု လက်မှတ်ရေးထိုးပြီးနောက် ၆ လအတွင်း တပြည်လုံး အသွင်ဆောင်တဲ့ နိုင်ငံရေးအရ တွေ့ ဆုံ ဆွေးနွေးမှု အမြန်ဆုံး အကောင်အထည်ဖော်ဖို့ စတင်နိုင်ရမယ် ဆိုတဲ့ အချက်တွေ ကို တောင်းဆိုထားပါတယ်။

ကရင်နီပြည်တွင်း အကောင်အထည်ဖော်နေတဲ့ စီမံကိန်းနဲ့ ပြုပြင်မွမ်းမံမှုတွေကို နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးမှု မပြီးပြတ်သေးတဲ့ ကာလမှာ ရပ်ဆိုင်းထားဖို့၊ လက်ရှိ ကျန်းမာရေး၊ ပညာရေးနဲ့ လူမှုရေးလုပ်ငန်းတွေကို လုပ်ဆောင် နေတဲ့ နိုင်ငံတကာ အဖွဲတွေကို ဆက်လက် လုပ်ဆောင်ခွင့်ပေးဖို့ စတဲ့အချက် ၂၀ ကို တောင်းဆိုထားပါတယ်။
ဒီတောင်းဆိုချက်ကို အစိုးရက လက်ခံပြီး နောက်လာမယ့် ဆွေးနွေးပွဲတွေမှာ ဆက်လက် ဆွေးနွေးဖို့ သဘော တူညီခဲ့ကြပါတယ်။

ညနေ၃နာရီမှာ ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တဦးရဲ့ အမေးကို ကေအန်ပီပီ အတွင်း ရေးမှူး ၁ - ခူးဦးရယ် က သည်လို ပြောပါတယ်။

“ကျနော်တို့ စလုံးရေ စ အစရဲ့ အစပဲဆိုတော့ အဲဒီအစကလည်း အခုဟာက ချက်ချင်းကြီး လုပ်လိုက်တဲ့ ဟာ က ကျနော်တို့ အားရကျေနပ်တယ်လို့ ပြောဖို့ကတော့ နည်းနည်းစောမလားလို့ပေါ့နော်။”

ကရင်နီအမျိုးသားတိုးတက်ရေးပါတီဟာ အစိုးရကို နှစ် ၆၀ ကျော် လက်နက်ကိုင် တော်လှန်နေခဲ့တဲ့ တိုင်းရင်း သားအဖွဲ့ တဖွဲ့ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013