ရှော့တိုက်ငါးဖမ်းသူ အမျိုးသား ၁ ဦး ဓာတ်လိုက်သေဆုံး
DVB
·
August 6, 2017
ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် တောကျွဲအင်းမြို့မှာ ဒီနေ့ မနက် ၉ နာရီလောက်က ကျင်စက်နဲ့ ငါးရှာဖွေသူအမျိုးသားတဦး ဓာတ်လိုက်သေဆုံးခဲ့တယ်လို့ တာကျွဲအင်း နယ်မြေရဲတပ်ဖွဲစခန်းက ပြောပါတယ်။
တာကျွဲအင်းနယ်မြေ ရဲစခန်းမှ တာဝန်ရှိသူတဦးက "သူက ရှော့တိုက်ပြီး ငါးရှာတာပါ။ ဘတ္ထရီနဲ့ ကျင်စက်လုပ်ပြီး ရှော့တိုက်ငါးဖမ်းတာပါ။ အဲဒီမှာ အပ်ဖြစ်ပြီး ဓာတ်လိုက်သေဆုံးတာပါ"လို့ ပြောပါတယ်။
သေဆုံးသူမှာ တာကျွဲအင်းမြို့ သံမဏိရပ်ကွက်နေသူ စိုင်းမြင့်လွင် (ခ) စိုင်းလေး ဖြစ်ပြီး တောကျွဲအင်းမြို့ ပအိုင့်ပိုင်းရပ်ကွက် ကွင်းအမှတ် ၃၀၀ သရက်နှစ်ပင်ကွင်းမှာ ကျင်စက်နဲ့ ရှော့တိုက် ငါးဖမ်းရာကနေ ဓာတ်လိုက်သေဆုံးခဲ့တာဖြစ်ပြီး သေဆုံးသူရဲ့ အလောင်းကို တောကျွဲအင်း တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားတယ်လို သိရပါတယ်။
သေဆုံးမှုနဲ့ ပတ်သက်ပြီး တောကျွဲအင်းနယ်မြေ ရဲတပ်ဖွဲ့စခန်းက သေမှုသေခင်း အမှတ်စဉ် ၂/၂၀၁၇ နဲ့ အမှုဖွင့်လှစ်ထားပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် ဆက်လက်စစ်ဆေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
သတင်း - ကျော်အောင် (ကညွတ်ကွင်း)