မန္တလေးမြို့တွင် ဆရာ၊ ဆရာမ များ လုပ်သက်နစ်နာမှုကြောင့် ဆန္ဒပြ
DVB
·
August 6, 2017
စစ်ကိုင်းပညာရေးတက္ကသိုလ်နှင့် မန္တလေးပညာရေးကောလိပ်တို့မှ ၂၀၁၆၊ ၂၀၁၇ ပညာသင်နှစ်မှာ ဆရာအတက် ပညာရေးသင်တန်းပြီးဆုံးထားသူ ဆရာ၊ ဆရာမ ၄၀၀ ကျော်မှာ လုပ်သက်နစ်နာမှုတာတွေ ရှိနေတဲ့အတွက် ဒီနေ့ မနက်ပိုင်းက မန္တလေးမြို့မှာ ဆန္ဒပြခဲ့ကြ ပါတယ်။
ပွင့်လင်းမြင်သာမှုမရှိတဲ့ ဆရာခန့်ထားရေး အလိုမရှိ၊ တရားမျှတမှုမရှိတဲ့ ဆရာခန့်ထားရေး အလိုမရှိ စတဲ့ ကြွေးကြော်သံတွေနဲ့အတူ မန္တလေးမြို့ ၇၉ လမ်း ၃၂ လမ်း ၂၇ လမ်း ၈၂ လမ်း ၃၂ လမ်းထိ ဆန္ဒပြ တောင်းဆိုတာတွေ ပြုလုပ်ခဲ့တယ်။
ဓာတ်ပုံ - အောင်အောင်