ဒူဘိုင်းမိုးမျှော်အဆောက်အဦ ဒုတိယအကြိမ် မီးအကြီးအကျယ်လောင် (ရုပ်သံ)
Published By
DVB | 4 August, 2017
1.4K
0
Share
0
Comment
0
Likes
ကမ္ဘာ့အမြင့်ဆုံး လူနေအဆောက်အဦတွေထဲ တခုအပါအဝင်ဖြစ်တဲ့ ဒူဘိုင်းမြို့၊ တော့ခ်ျတာဝါမှာ သြဂုတ် ၃ ရက်ညက မီးအကြီးအကျယ်လောင်ကျွမ်းမှု ဖြစ်ခဲ့တယ်လို့ ဘီဘီစီသတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်ကလည်း ဒီအဆောက်အဦမှာ မီးလောင်ကျွမ်းမှု ဖြစ်ခဲ့တာမို့ ဒါဟာ ၂ နှစ်တာကာလအတွင်း ဒုတိယအကြိမ် မီးလောင်ကျွမ်းမှုဖြစ်တယ်လို့ ဆိုပါတယ်။
အင်တာနက် လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာတော့ တာဝါဆီကနေ မီးခိုးလုံးတွေ၊ မီးတောက်မီးလျှံတွေနဲ့အတူ အပျက်အစီးတွေ ပြုတ်ကျနေခဲ့တဲ့ ရုပ်သံဗွီဒီယိုဖိုင်တွေ၊ ဓာတ်ပုံတွေ ပျံ့နှံ့နေခဲ့ပါတယ်။
ခုဖြစ်ခဲ့တဲ့ မီးလောင်ကျွမ်းမှုကတော့ ဘာကြောင့်ဖြစ်ရတယ်ဆိုတာကို မသိရသေးဘဲ မီးသတ်သမားတွေက မီးကို ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်တယ်လို့ တာဝန်ရှိသူတွေက နောက်ပိုင်းမှာ ပြောပါတယ်။
“ထိခိုက်ဒဏ်ရာရသူတော့ တယောက်မှ မရှိခဲ့ပါဘူး” လို့ ဒူဘိုင်းအစိုးရ သတင်းထုတ်ပြန်ရေးရုံးက တွစ်တာစာမျက်နှာပေါ်မှတဆင့် ဖော်ပြခဲ့ပါတယ်။
အထပ် ၇၉ ထပ်ပါဝင်တဲ့ တော့ခ်ျတာဝါကို ၂၀၁၁ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး လူနေအခန်းပေါင်း ၆၇၆ ခန်းပါဝင်ကာ ကမ္ဘာ့အမြင့်ဆုံး မိုးမျှော်အဆောက်အဦစာရင်းမှာ အမှတ်စဉ် ၃၂ နေရာမှာ ရှိပါတယ်။