Live
Home
မြန်မာသတင်း
လယ်မြေအငြင်းပွားရာမှ အမျိုးသမီးများ ခိုက်ရန်ဖြစ်ပွား၍ ၂ ဦး သေဆုံး
DVB
·
August 3, 2017
ဩဂုတ် ၂ ရက်နေ့ မွန်းလွဲ ၂ နာရီလောက်က စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ တင်းငုတ်ကြီးကျေးရွာ အနောက်ဘက် ၁ မိုင်လောက်အကွာ ကွင်းအမှတ် ၈၆၂ လယ်ကွင်းမှာ အမျိုးသမီး ၂ ဦးကောက်စိုက်နေစဉ် အခြားအမျိုးသမီးတဦးလာရောက်ပြီး စကားများရာက လူသတ်မှုဖြစ်ပွားခဲ့ပါတယ်။ ညီအစ်မအရင်းဖြစ်သူ မခင်သက်မြင့် ၄၀ နှစ်နဲ့ မခင်သက်ဆင့် ၃၆ နှစ်တို့ ကောက်စိုက်နေစဉ် ညီအစ်မဝမ်းကွဲတော်စပ်သူ တရွာတည်းနေ မခင်မာဝင်း ၄၄ နှစ် က ရောက်လာခဲ့ပြီး လယ်မြေပိုင်ဆိုင်မှု အငြင်းပွားရာမှ စကားများ လုံးထွေးသတ်ပုတ်ခဲ့ကြပြီး မခင်မာဝင်းက အသင့်ယူဆောင်လာတဲ့ ဓားဦးချွန်နဲ့ထိုးခဲ့လို့ မခင်သက်မြင့်မှာ ညာဘက်ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာ ၁ ချက်၊ မခင်သက်ဆင့်မှာ ညာဘက်ရင်အုံ ထိုးသွင်းဒဏ်ရာ ၁ ချက်တို့ အသီးသီးရရှိခဲ့ပြီး အခင်းဖြစ်ပွားရာ လယ်ကွင်းအတွင်းမှာပဲ သေဆုံးခဲ့ပါတယ်။ ကန့်ဘလူမြို့နယ်မဲဆန္ဒနယ်အမှတ် ၂ က လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်သူဟန်ထွန်းကို ဒီဗွီဘီကမေးမြန်းရာမှာတော့ “ဒီကိစ္စနဲ့ပတ်သက်ပြီး အသေးစိတ်တော့မသိဘူး။ ကနဦးသတင်းကြားတာတော့ လယ်မြေပိုင်ဆိုင်မှုပဲ။ နှစ်ဖက်လုံးမှာက ပုံစံ ၇ ရှိထားတယ်လို့ပြောတယ်။ ကျန်တာတော့ မသိရသေးပါဘူး" လို့ ပြန်လည်ဖြေကြားခဲ့ပါ တယ်။ ဒီလူသတ်မှုနဲ့ပတ်သက်ပြီး သေဆုံးသူအလောင်းတွေကိုတော့ ကန့်ဘလူမြို့ ကုတင် ၁၀၀ ဆံ့ ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားသလို မခင်မာဝင်းကိုလည်း ဖမ်းဆီးထားပြီး ဇီးကုန်းနယ်မြေစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ -၃၀၂/၁၁၄ နဲ့ အမှုဖွင့်အရးယူထားတယ်လို့ သိရပါတယ်။ ဓာတ်ပုံ-စက္ကဘာ ပရဟိတအသင်း

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024