DVB Logo
Home
မြန်မာသတင်း
ပဲခူးဆေးရုံကြီးတွင် ရာသီတုပ်ကွေး A(H1N1) လူနာ ၂ ဦး တွေ့ရှိ
DVB
·
August 3, 2017
ပဲခူးဆေးရုံကြီးတွင် ရာသီတုပ်ကွေး A(H1N1) လူနာ ၂ ဦး တွေ့ရှိ
1 / 5
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊  ပြွန်တန်ဆာမြို့ကနေ လာရောက်ပြီး ပဲခူးဆေးရုံကြီးမှာ ကုသနေတဲ့ လူနာ ၂ ဦးမှာ ရာသီတုပ်ကွေး A(H1N1) ဗိုင်းရပ်စ်ပိုး တွေ့ရှိတယ်လို့ မြို့နယ်ဆရာဝန်ကြီးက ပြောပါတယ်။

A(H1N1) ဖြစ်ပွားနေသူတွေကတော့ ပြွန်တန်ဆာမြို့ မီးရထားဝန်ထမ်းအိမ်ရာဟောင်းမှာ နေထိုင်တဲ့ အသက် ၄၅ နှစ်အရွယ် အမျိုးသားတဦးနဲ့ နဘဲပင်ကျေးရွာနေ ၁၆ နှစ်အရွယ် တို့ဖြစ်တယ်လို့ မြို့နယ်ဆရာဝန်ကြီး  ဒေါက်တာသောင်းဒန်ဦးက ပြောပါတယ်။

"ပထမလူနာက မီးရထားလိုင်းခန်းမှာနေတာပါ။ ပြွန်တန်ဆာဆေးရုံကို သွားတာက ၂၅ ရက်နေ့မှာ ရောက်လာတယ်၊ သွေးဝမ်းသွားနေလို့ပါ။ နောက်ပိုင်း ချောင်းဆိုးတာတွေ ဖြစ်လာတော့ ၂၉ ရက်နေ့ ညနေပိုင်းမှာ သူ့ကို ပဲခူးဆေးရုံ ပို့လိုက်တယ်။ အဲဒီလိုပဲ နဘဲပင်ကျေးရွာက ၁၆ နှစ်အရွယ် ကလေးမလေးကျတော့ ၂၉ ရက်နေ့မှာ ညောင်လေးပင်ဆေးရုံကို ရောက်လာတယ်။ ၃၀ ရက်နေ့ မနက်ပိုင်းမှာ ပဲခူးဆေးရုံကို ထပ်ပို့လိုက်တယ်။ သူတို့ဆီက နှာခေါင်းအာခေါင်တွေက အရည်အချွဲတွေကိုယူပြီး ရန်ကုန်အမျိုးသားဓာတ်ခွဲခန်းကိုပို့ပြီးစစ်ဆေးတဲ့နေရာမှာ နှစ်ယောက်လုံး A(H1N1) Postive ဖြစ်နေတာကို တွေ့ရတယ်" လို့ ဒီဗွီဘီကိုပြောပါတယ်။

မြို့နယ်ဆရာဝန်ကြီးနဲ့ ကျန်းဦးစီးဌာနမှ အဖွဲ့ဝင်တွေ ပူးပေါင်းပြီး အဆိုပါလူနာတွေ နေထိုင်ခဲ့တဲ့နေရာကို သွားရောက်ပြီး မိသားစုတွေနဲ့တွေ့ဆုံကာ ပတ်ဝန်းကျင် အနေထား စစ်ဆေးတာ၊ အိမ်နဲ့ အနီးဝန်းကျင်မှာ ရောဂါစောင့်ကြပ်ကြည့်ရှုတာ၊ ရောဂါကာကွယ်ရေး အသိပညာပေး ဟောပြောတာ၊ လက်ကမ်းစာစောင်တွေဖြန့်ဝေတာတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြို့နယ်အတွင်းရှိ စာသင်ကျောင်း၊ ဘူတာ၊ ဈေး၊ ဘုန်းကြီးကျောင်းနဲ့ ကျေးရွာတွေမှာလည်း အသိပညာပေးဟောပြောတာ၊ လက်ကမ်းစာစောတွေ ဖြန့်ဝေတနဲ့ Mask တွေ ဖြန့်ဝေတာတို့ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

သတင်း၊ဓာတ်ပုံ-နေလင်းထိုက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013