DVB Logo
Home
မြန်မာသတင်း
ရန်ကုန်လေဆိပ်တွင် အမျိုးသမီး ၃ ဦးထံမှ ကျပ်သိန်း ၁၀၀၀ တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းမိ
DVB
·
August 3, 2017
ရန်ကုန်လေဆိပ်တွင် အမျိုးသမီး ၃ ဦးထံမှ ကျပ်သိန်း ၁၀၀၀ တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းမိ
Donate to DVB

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ အမျိုးသမီး ၃ ဦးဆီက ငွေကျပ်သိန်း ၁၀၀၀ တန်ဖိုးရှိ ဘိန်းဖြူတွေ ဖမ်းဆီးရမိတယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သြဂုတ် ၁ ရက်နေ့က ရန်ကုန်လေဆိပ်မှ မူးယစ်တပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal(2) ပြည်ပထွက်ခွာ X- Ray စက်မှာ China Air လေကြောင်းလိုင်းနဲ့ ရန်ကုန်ကနေ တိုင်ပေကို လိုက်ပါမယ့် မရန်စိုက်ချင်၊ မလီးဟွေလီ နဲ့ မလှရီ တို့အား ရှာဖွေရာကနေ ဖမ်းဆီးမိခဲ့တယ်လို့ ဆိုပါတယ်။

မရန်စိုက်ချင်ထံမှ ဘိန်းဖြူ ၃၅၅ ဂရမ် နဲ့ လက်ကိုင်ဖုန်းတလုံး၊ မလီးဟွေလီထံမှ ဘိန်းဖြူ ၂၈၀ ဂရမ်နဲ့ လက်ကိုင်ဖုန်းတလုံး၊ မလှရီထံမှ လက်ကိုင်ဖုန်းနှစ်လုံးနဲ့ အမျိုးသမီးအိမ်သာထဲ အမှိုက်ခြင်းအတွင်း လွှင့်ပစ်ခဲ့တဲ့ ဘိန်းဖြူ ၃၆၅ ဂရမ်တို့ကို ဖမ်းဆီးမိခဲ့တာပါ။

သူတို့သုံးဦးအား မူးယစ်ဆေးဝါး နဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013