အိန္ဒိယမှာ ​သေအံ့​ဆဲဆဲ လူနာ​တွေ နာကျင်မှုသက်သာ​အောင် ​မော်ဖင်း​ဆေး​ စထိုး​ပေး​ပြီ

အိန္ဒိယက လူနာ​ထောင်​ပေါင်း​များ​စွာဟာ ​သေဆုံး​ခါနီး​အချိန်မှာ မလိုအပ်ဘဲနဲ့​ နာကျင်မှု​ဝေဒနာ ခံစား​ကြရပါတယ်။ အဓိကအ​ကြောင်း​က​တော့​ နာကျင်မှု သက်သာ​စေတဲ့​ ​မော်ဖင်း​ဆေး​ထိုး​တာကို ပိတ်ပင်တား​မြစ်ထား​လို့​ပါ။ ဘိန်း​က​နေ ထုတ်လုပ်တဲ့​ ​မော်ဖင်း​ဟာ နာကျင်မှုကို သက်သာ​စေပါတယ်။ အိန္ဒိယက ဘိန်း​စိုက်ပျိုး​တဲ့​နိုင်ငံဖြစ်ပြီး​၊​ နိုင်ငံတကာ ​ဆေး​ဝါး​ဈေး​ကွက်ကို ဘိန်း​ တင်ပို့​ရောင်း​ချပါတယ်။ ဒါ​ပေမဲ့​ အိန္ဒိယ တနိုင်ငံလုံး​မှာ ရှိတဲ့​ လူနာတဝက်​ကျော်​လောက်က​တော့​ ဘိန်း​ကထုတ်လုပ်တဲ့​ ​ဆေး​ဝါး​ကို မရရှိပါဘူး​။ အစိုး​ရက တရား​မဝင် မူး​ယစ်​ဆေး​ သုံး​စွဲမှာနဲ့​ ​ဆေး​စွဲတာကို တင်း​တင်း​ကျပ်ကျပ် ပိတ်ပင်ထား​လို့​ ဖြစ်ပါတယ်။ ဒါ​ပေမဲ့​ မကြာခင်က အိန္ဒိယ​တောင်ပိုင်း​ ကာရာလာပြည်နယ်မှာ ​သေအံ့​ဆဲဆဲလူနာ​တွေကို ​ဝေဒနာ သက်သာ​အောင် ​မော်ဖင်း​ထိုး​ပေး​တာကို တရား​ဝင်အဖြစ်နဲ့​ ပထမဆုံး​ ခွင့်​ပြုလိုက်ပါတယ်။ သတင်း​ထောက် ဂယာထရီ ပါရမီစဝါရန် (Gayatri Parameswaran) က အိန္ဒိယက​နေ သတင်း​ပေး​ပို့​ထား​တာဖြစ်ပါတယ်။ အသံဖိုင်မှာ နား​ဆင်နိုင်ပါတယ်။

More News
Up