DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးဆွေးနွေးပွဲ အတွက် ကေအန်ပီပီ လွိုင်ကော်ရောက် လူထုသောင်းချီကြိုဆို
DVB
·
March 6, 2012
ငြိမ်းချမ်းရေးဆွေးနွေးပွဲ အတွက် ကေအန်ပီပီ လွိုင်ကော်ရောက် လူထုသောင်းချီကြိုဆို
1 / 2
Donate to DVB

မြန်မာအစိုးရကို နှစ်ပေါင်းများစွာ လက်နက်ကိုင် တိုက်နေတဲ့  ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (ကေအန်ပီပီ)ရဲ့ ခေါင်းဆောင်များဟာ မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံ ဆွေးနွေးဖို့  ဒီနေ့ လွိုင်ကော်မြို့ ရောက်ရှိရာမှာ  မြို့သူမြို့သား သောင်းနဲ့ ချီပြီး ကြိုဆိုခဲ့ကြတယ်လို့  အတူပါသွားတဲ့ ခရစ်ယာန် ဆရာတော်က ပြောပါတယ်။

“အကောင်းဆုံး တိုင်းရင်းသားဝတ်စုံတွေ ရိုးရာ ဗုံမောင်းတွေနဲ့ ဝမ်းမြောက် ဝမ်းသာ ဧည့်ခံ ကြိုဆိုကြတာပေါ့။ လေယာဉ် ကွင်းကနေ လမ်းတလျှောက် လူထုတွေက ကြိုဆိုကြတယ်။ သောင်းဂဏန်း သိန်းဂဏန်း လောက် ရှိမယ် ထင်တယ်။ ကျနော်တို့လည်း အပြင်ဘက်ကို အဲဒီလောက် သတိမထားမိဘူး။ ကျနော်တို့ကို ရှမ်းဗုံမောင်း တွေရော၊ ဗမာ ဒိုးပတ် တွေရော၊ နောက် ကယားဗုံ ပုလွေတွေရော အစုံပဲ၊ ဝန်းရံပြီးတော့ တီး ကခုန်ပြီးတော့ ကြိုဆိုကြတာ ပေါ့လေ။”

ကေအန်ပီပီအနေနဲ့ ကိုယ်စားလှယ် ၁၁ ဦး သွားရောက်တာ ဖြစ်ပြီး မနက်ဖြန်မှာ မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့အဖွဲ့နဲ့ အပစ်ခတ်ရပ်ရေး ဆွေးနွေးမယ်လို့ သိရပါတယ်။

“ကျနော်တို့ တိုင်းသူပြည်သားတွေ တောင့်တတဲ့ အရာပဲပေါ့။ ငြိမ်းချမ်း အေးချမ်းတယ် ဆိုတာ လူတိုင်းက လိုချင်တဲ့ အရာပဲလေ။ ဒီလို လာတယ်ဆိုတော့ ကျနော်တို့ အနေနဲ့ ဝမ်းသားအားရတာပေါ့။ ပျော်လည်း ပျော်တယ်။ ကျေနပ်တာပေါ့။ ဒီတခေါက်တော့ ထာဝရ အေးချမ်း ငြိမ်းချမ်းတဲ့ စကား ပြောဆိုကြမယ်လို့ ကျနော် အဲဒီလိုတော့ မျှော်လင့် တာပေါ့။ ယုံလည်း ယုံကြည်ပါတယ် ဖြစ်နိုင်ပါစေပေါ့။” လို့  ကရင်နီ ဆရာတော် ခူရယ်ကျော်ထူး က ပြောပါတယ်။

ကေအန်ပီပီအဖွဲ့ ဟာ မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေနဲ့ ပြီးခဲ့တဲ့ ၂၀၁၁ခုနှစ် နိုဝင်ဘာ ၂၉ ရက်နေ့က ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့မှာ တကြိမ်၊ ယခု နှစ် ဖေဖော်ဝါရီ ၆ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့ မှာ တကြိမ် ပဏာမ တွေ့ဆုံ ဆွေးနွေး ခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013