Home
မြန်မာသတင်း
ဓာတ်မြေသြဇာ အိတ်ခွံဖြင့် ထည့်ထားသည့် ဆန်ချက်စားမိ၍ လူ ၆ ဦး အစာဆိပ်သင့်
DVB
·
August 2, 2017
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ် အမှတ်-၁ ရပ်ကွက်မှာ သြဂုတ် ၁ ရက်၊ နေ့လယ် ၂ နာရီက ရွှေဝါနှံတံဆိပ်ပါ ကျောက်မှုန့်ဓာတ် မြေသြဇာအိတ်အခွံထဲ ထည့်ထားတဲ့ဆန်ကို ချက်စားမိလို့ မိသားစု ၆ ဦး အစာအ ဆိပ်သင့်တယ်လို့ ဝမ်းတွင်းဆေးရုံက ပြောပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်လို့ အမှတ်-၁ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးခိုင်ကိုလတ်က “တောင်သူလယ်ယာသုံး မြေဆွေး၊ ကျောက်မှုန့်၊ ပိုးသတ်ဆေး ရောထားတဲ့ ဓာတ်မြေသြဇာအိတ် အခွံနဲ့ ဆန်ဝယ်ပြီး ထည့်တယ်။ အဒီထဲကဆန်ကို ချက်စားမိလို့ အရင်နေ့ကတည်းက ၅ တန်းကျောင်းသား သန်းလင်းအောင်၊ သူငယ်တန်းကျောင်းသူ ဧပရယ်မိုး၊ ၂ နှစ်သမီး ဝဿန်မိုး တို့ မူးပြီး အော့အန်လို့ ဆေးရုံပို့ရတယ်။ အကြီး ၂ ယောက်ကသက်သာတယ်။ ၂ နှစ်သမီးကတော့ မိတ္ထီလာဆေးရုံ ပြောင်းတက်ရတယ်။ ဒီနေ့တော့ ဦးလှငွေနဲ့ ဒေါ်ပြုံး ကိုမင်းသိန်းတို့ ထပ်ဖြစ်တယ်။ ဦးလှငွေ နဲ့ ကိုမင်းသိန်းတို့က သက်သာပြီ ဒေါ်ပြုံးကတော့ ဝမ်းတွင်းဆေးရုံမှာ ဆေးဆက်ကုနေတယ်” လို့ ပြောပါတယ်။ မြို့နယ်ဆရာဝန်ကြီးက “ကျန်မာရေးဝန် ထမ်းတွေနဲ့ အကူအညီပေးနေပါတယ်။ အစာတွေ ဓာတ်ခွဲခန်း ပို့ဖို့ ယူထားတယ်” လို့ ပြောပါတယ်။ လွန်ခဲ့တဲ့ နှစ်လလောက်ကလည်း အမှတ်-၁ ရပ် ကွက်ထဲမှာပဲ မိသားစု ၆ ဦး အစာအဆိပ်သင့်မှု  ဖြစ်ခဲ့သေးတယ်လို့ သိရပါတယ်။ သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024