Home
မြန်မာသတင်း
မောင်တောတွင် ဘင်္ဂလားဒေ့ရှ်တဦးကို စိတ်ကြွဆေးများနှင့် ဖမ်းမိ
DVB
·
August 2, 2017
မောင်တောမြို့နယ် မြန်မာ့ရေပိုင်နက်အတွင်း တပ်မတော် (ရေ) က မင်္သကာဖွယ် လှေစီးကို စစ်ဆေးရာမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတဦးကို မူးယစ်းဆေးဝါးတွေနဲ့အတူ ဖမ်းမိတယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ မြန်မာ့ရေပိုင်နက်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေတဲ့ တပ်မတော်(ရေ) တပ်ဖွဲ့ဝင်တွေဟာ သြဂုတ် ၁ ရက်နေ့ မနက်အစောပိုင်းက စပါယ်ပင်ရင်းချောင်းဝမှာ မသင်္ကာဖွယ် လှေတစ်စင်းအားတွေ့ရှိလို့ မီးအချက်ပြခေါ်ယူခဲ့ပေမယ့် လှော်ခတ်ထွက်ပြေးသွားလို့ လက်နက်ငယ်နဲ့ ခြောက်လှန့်ပစ်ခတ်လိုက်လံ ဖမ်းဆီးစဉ် လှေပေါ်ပါ လူသုံးဦးအနက် နှစ်ဦးမှာ ဘင်္ဂလားဒေ့ရှ်ဘက်နဲ့ ကျန်တဦးကတော့  မြန်မာဘက်ကို ရေကူးထွက်ပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။ ထွက်ပြေးသူတွေနောက် လိုက်လံဖမ်းဆီးစဉ် မောင်တောမြို့ရဲ့ မောက်ဘက် ၇ မိုင်လောက်အကွာမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ဆော်လိမ်း (ဘ) နိုမာမတ်ကို WY စိတ်ကြွရူးသွပ်ဆေးပြား ၉၇၅၀ ပြား (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၉၅ သိန်းခန့်) နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးရမိသူအား တရားဥပဒေအရ အမှုဖွင့် အရေးယူဆောင်ရွက်နိုင်ရေး မောင်တောမြို့ရှိ မူးယစ်တပ်ဖွဲ့စုကို လွှဲပြောင်းအပ်နှံခဲ့တယ်လို့ ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024