Home
မြန်မာသတင်း
ရန်ကုန်တိုင်းတွင်း ၂၅ မြို့နယ်တွင် မှုခင်းကျဆင်းရေးစီမံချက် ယနေ့ စတင်
DVB
·
August 1, 2017
20476449_457976751245952_8858335103885607335_n
20476449_457976751245952_8858335103885607335_n
20526206_457976677912626_6375054797026798654_n
  ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၅ မြို့နယ်မှာ မှုခင်းကျဆင်းရေးစီမံချက် ဒီနေ့ စတင် လုပ်ဆောင်တော့မယ်လို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူတဦးက ပြောပါတယ်။ ၂၀၁၆ ခုနှစ်က စတင်ပြီး ရန်ကုန်တိုင်းတွင်းက မှုခင်းဖြစ်ပွားမှု အများဆုံးမြို့နယ်တွေဖြစ်တဲ့ လှိုင်သာယာ၊ သန်လျင်၊ တောင်ဒဂုံနဲ့ မရမ်းကုန်းမြို့နယ်တွေမှာ မှုခင်းဖြစ်ပွားမှု ကျဆင်းအောင် ပိုင်းလော့စီမံချက်ချမှတ်ပြီး ဆောင်ရွက်ခဲ့ရာ ထိရောက်မှုရှိတဲ့အပြင် မှုခင်းကြိုတင် ကာကွယ်နိုင်တဲ့ အတွက် နောက်ထပ် ၂၅ မြို့ကို မှုခင်းကျဆင်းရေးစီမံချက် ဆက်လက်လုပ်ဆောင်ခဲ့တာပါ။ ရန်ကုန်တိုင်းတွင်က မြို့နယ် ၄ မြို့နယ်မှာ ပြည်သူအခြေပြုရဲလုပ်ငန်းစဉ်တခုဖြစ်တဲ့ ပိုင်းလော့ စီမံကိန်းကို စတင်လုပ်ဆောင်ခဲ့ပြီး နောက်ပိုင်းစွန်ရဲစီမံချက်တွေ ထပ်မံ လုပ်ဆောင်ခဲ့ ပါတယ်။ အခုလို စီမံချက်တွေချမှတ်ပြီး သက်ဆိုင်ရာမြို့နယ်အလိုက်က ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ ပြည်သူတွေနဲ့အတူပူးပေါင်းပြီး ၂၅ မြို့နယ်ကို မှုခင်းကြိုတင်ကာကွယ်ရေးနဲ့ မှုခင်းကျဆင်းရေး အတွက် ဆက်လက်လုပ်ဆောင်သွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံက သိရပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024