A d v e r t i s e m e n t With Us

အင်ဒိုနီး​ရှား​မှာ ရထား​ခေါင်မိုး​ပေါ် ခရီး​သည် တက်မစီး​နိုင်​အောင် ကွန်ကရစ် ​ဘောလုံး​များ​ ချိတ်ဆွဲ

အင်ဒိုနီး​ရှား​မှာ မီး​ရထား​တွဲ ​ခေါင်မိုး​ပေါ် တက်စီး​တဲ့​ ခရီး​သည်​တွေကို တား​မြစ်ဖို့​အတွက် ရထား​ဝန်ထမ်း​တွေက တွဲ​ခေါင်မိုး​တွေရဲ့​ အထက်မှာ ကွန်ကရစ် ​ဘောလုံး​တွေ စတင်ချိတ်ဆွဲထား​ပါတယ်။ ဂျာကာတာမြို့​ပြင် ဘူတာရုံအနီး​က မီး​ရထား​တွဲ​တွေရဲ့​ အထက်မှာ ကွန်ကရစ်​ဘောလုံး​တွေ ပထမဆုံး​ စချိတ်ပါတယ်။ တွဲအမိုး​တွေ​ပေါ် လူ​တွေ ဆက်တက်​နေ​သေး​ရင် ​နောက်ထပ် ​ဘောလုံး​တွေ ​နေရာ​ပေါင်း​စုံ ချိတ်ဆွဲထား​မှာ ဖြစ်ပါတယ်။ ဒီ့​အရင်က ရထား​ပေါ် လူတက်မစီး​နိုင်​အောင် တွဲ​ခေါင်မိုး​နဲ့​ ​ဘေး​ဘက်​တွေကို ဆီ​တွေသုတ်လိမ်း​ ထား​ခဲ့​ဖူး​ပါတယ်။ လုံခြုံ​ရေး​အတွက် ဂီတသမား​တွေ ငှား​ပြီး​ သီချင်း​တွေနဲ့​ ခရီး​သည်​တွေကို ​ဖျော်​ဖြေ​ပေး​ပါတယ်။ ဘာမှ အလုပ်မဖြစ် ပါဘူး​။ ဒါ​ကြောင့်​ အခု ​နောက်ဆုံး​ ခရီး​သည်​တွေ ​ခေါင်မိုး​ပေါ် တက်မစီး​အောင် ကွန်ကရစ်​ဘောလုံး​တွေ ချိတ်ခြင်း​ ဖြစ်ပါတယ်။ ဂျာကာတာမြို့​လယ် မန်ဂါရိုင် ဘူတာရုံကို သွား​ကြည့်​ခဲ့​တဲ့​ သတင်း​ထောက် ​မော်ဂန် ပီတာဆင် (Morgan Pettersson) က သတင်း​ပေး​ပို့​ထား​တာ ဖြစ်ပါတယ်။ အသံဖိုင်မှာ နား​ဆင်နိုင်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up