အိမ်ဖောက်ထွင်းဝင်ရောက်သူတဦးဟာ အိမ်ရှင်ရဲ့ ရှန်ပိန်သောက်ပြီး အိမ်ရှင်အိပ်ယာထဲ အိပ်ပျော်သွားလို့ သြစတြေးလျရဲတွေက ဖမ်းမိသွားပြီး တရားစွဲဆိုထားပါတယ်။
အနောက်သြစတြေးလျရဲ့ အက်စပရန့်စ်မြို့မှာ ဇူလိုင် ၂၈ ရက် နေ့လယ်လောက်က အသက် ၃၆ နှစ်အရွယ် လူတဦး အိမ်ဖောက်ထွင်းမှု ပြုလုပ်ခဲ့တာပါ။
အိမ်ဖောက်ထွင်းပြီး အိမ်ရှင်ရဲ့ ဈေးအတော်ကြီးတဲ့ရှန်ပိန်ကို သောက်ပြီး ဖောက်ထွင်းသူ အိပ်ပျော်သွားခဲ့တာလို့ ရဲအရာရှိတွေက ပြောပါတယ်။
အိမ်ရှင်အမျိုးသမီး အိမ်ပြန်ရောက်ချိန်မှာတော့ သူခိုးကို သူမအိပ်ယာထက် အိပ်ပျော်နေတာ တွေ့ခဲ့ရတာလို့ ပြောပါတယ်။
“အိမ်ရှင်အမျိုးသမီး အိမ်ထဲက တိတ်တဆိတ်ပြန်ထွက်ပြီး ရဲတွေကို ဖုန်းဆက်အကြောင်းကြားခဲ့တာ၊ အဲ့ဒီနောက် ရဲတွေက ဒီဖောက်ထွင်းသူခိုးကို သွားဖမ်းခဲ့ရတယ်” လို့ အကြီးတန်းရဲတပ်ကြပ် ရစ်ချာ့ဒ်မိုးက ဘီဘီစီသတင်းဌာနကို ပြောပါတယ်။
“ဖုန်းရရခြင်းပဲ အိပ်ပျော်နေတဲ့လူရှိတဲ့ အိမ်ကို ရှာဖွေနိုင်ခဲ့တယ်။ ဖောက်ထွင်းသူခိုး အရမ်းမူးနေတာကို ကျနော်တို့တွေ့ပြီး ဆေးရုံပို့လိုက်တယ်” လို့ ရစ်ချာ့ဒ်မိုးက ဆက်ပြောပါတယ်။
ဒီသူခိုးကို ဖောက်ထွင်းမှုနဲ့ တရားစွဲဆိုထားတယ်လို့ ဘီဘီစီသတင်းမှာ သြဂုတ် ၁ ရက်နေ့က ဖော်ပြထားပါတယ်။