ကမ္ဘာ့​ ဒီမိုက​ရေစီ အကြီး​မား​ဆုံး​ အိန္ဒိယနိုင်ငံမှာ အင်တာနက် ဆင်ဆာဖြတ်​တောက်မှုဖြစ်

ဒေလီမြို့​ ဗဟိုတရား​ရုံး​က အိန္ဒိယရှိ ​ဖေ့​စ်ဘွတ်နဲ့​ ဂူဂဲလ် ရုံး​တွေရဲ့​ ​ရှေ့​နေ​တွေကို သူတို့​ဝက်ဘ်ဆိုဒ်​ပေါ်မှာ တိုက်ခိုက်တာ​တွေ၊​ မနှစ်မြို့​စရာ​တွေ ရှိခဲ့​လျှင် ဖြတ်​တောက်ထား​ဖို့​ လိုအပ်​ကြောင်း​ ​ပြောဆိုခဲ့​ပါတယ်။ ​ဖေ​ဖော်ဝါရီ ၆ ရက်မတိုင်မီ ပြုလုပ်ခြင်း​မရှိရင် အိန္ဒိယအစိုး​ရက အဲဒီ ဝက်ဘ်ဆိုဒ်​တွေကို တရုတ်အစိုး​ရလုပ်သလို ပိတ်ပစ်လိမ့်​မယ်လို့​ တရား​သူကြီး​က ​ပြောခဲ့​ပါတယ်။ ပြီး​ခဲ့​တဲ့​လ​တွေအတွင်း​ အိန္ဒိယအစိုး​ရက အင်တာနက်ကို ထိန်း​ချုပ်ဖို့​ လိုအပ်​ကြောင်း​ သတိ​ပေး​စကား​ ​ပြောခဲ့​ပါ​သေး​တယ်။ ကမ္ဘာ​ပေါ်မှာ ဒီမိုက​ရေစီနိုင်ငံကြီး​ တခုဖြစ်တဲ့​ အိန္ဒိယမှာ လွတ်လပ်စွာ​ပြောဆိုခွင့်​တွေ စိုး​ရိမ်ဖွယ် အ​ခြေအ​နေ ရှိ​နေတဲ့​အ​ကြောင်း​ နယူး​ဒေလီမှ သတင်း​ထောက် ‘ဘစ်မီလာ ဂီလာနီ’ (Bismillah Geelani) က သတင်း​ပေး​ပို့​ထား​တာကို နား​ဆင်ကြရမှာပါ။ အသံဖိုင်မှာ နား​ဆင်နိုင်ပါတယ်။

More News
Up