Home
မြန်မာသတင်း
မိတ္ထီလာမြို့နယ်တွင် A(H1N1) ရောဂါကာကွယ်ရေး Mask များ ဝေငှ
DVB
·
August 1, 2017
20597315_457636461279981_3646588761854782002_n
20479838_457636371279990_2033718240071609562_n
20429786_457636381279989_6675115942713071695_n
20374365_457636391279988_4673231985731067328_n
  မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်မှာ ဇူလိုင်လ ၃၁ ရက်နေ့ မနက် ၈ နာရီကစတင်ပြီး ရာသီတုပ်ကွေးရောဂါ A(H1N1) ဖြစ်ပွားမှုကနေ ကြိုတင်ကာကွယ်ဖို့ ရည်ရွယ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ မြန်မာနိုင်ငံယာဉ်ထိန်းရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး နှာခေါင်းစီး Mask တွေ လိုက်လံဝေငှခဲ့ပါတယ်။ မြန်မာနိုင်ငံတွင်းက ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းအတွင်းမှာတော့ A(H1N1) ရောဂါဖြစ်ပွားမှုနှုန်း အများဆုံးဖြစ်ပေမယ့် မန္တလေးတိုင်းမှာတော့ ရောဂါဖြစ်ပွားမရှိသေးပါဘူး။ မိတ္ထီလာမြို့နယ်တွင်းမှာလည်း A(H1N1) ရောဂါဖြစ်ပွားမှု သံသယရှိလူနာ မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ A(H1N1) ဖြစ်ပွားမှုမရှိပေမယ့်လည်း တခြားတိုင်းဒေသတွေလို ရောဂါပျံ့နှံကူးစက်မှု မရှိစေဖို့အတွက် ကြိုတင်ကာကွယ်တာတွေ၊ ပညာပေးဟောပြောမှုတွေ လုပ်ဆောင်သွားဖို့ စီစဉ်နေတယ်လို့ ရပ်မိရပ်ဖတွေက ပြောပါတယ်။ လူငယ်တွေကလည်း ကြိုတင်ကာကွယ်တဲ့အနေနဲ့ အပြင်သွားတိုင်း Mask တပ်ဆင်တာတွေ တကိုယ်ရေသန့်ရှင်းမှုတွေကို ပိုအလေးထားပြီး ကိုယ်ခံအားကောင်းအောင် နေနေရတယ်လို့ မိတ္ထီလာမြို့နယ် နည်းပညာတက္ကသိုလ်ကကျောင်းသူတဦးက ဒီဗွီဘီကို ကိုပြောပါတယ်။ ဇူလိုင် ၃၁  ရက်နေ့၊ မွန်းလွဲ ၂  နာရီအထိ A(H1N1) ရာသီတုပ်ကွေးရောဂါကြောင့် လူနာ ၂ ဦး ထပ်မံသေဆုံးခဲ့ကာ သေဆုံးသူ ၁၂ ဦးထိရှိပြီဖြစ်တာကြောင့် ရောဂါထိန်းချုပ်ရေး လမ်းညွှန်ကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနက မနေ့ညပိုင်းက သတင်းထုတ်ပြန်ပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024