Home
အာရှဒေသ
အသက် ၁၆ နှစ်အရွယ် ပါကစ္စတန် အမျိုး​သမီး​ကို အဓမ္မပြုကျင့်​သူ ၁၆ ဦး​ကို တရား​စွဲထား
DVB
·
February 7, 2012
အသက် ၁၆ နှစ်ရှိ ‘ဥဇမာ အာယု’ ဟာ ပါကစ္စတန်​တောင်ပိုင်း​ ကရာခ်ခရိုင် သူ့​အိမ်က​နေ တနှစ်​လောက် ပြန်​ပေး​ဆွဲ ​ခေါ်​ဆောင် သွား​ခံရပါတယ်။ အဲဒီချိန်အတွင်း​ ရဲနဲ့​ စစ်တပ်အဖွဲ့​ဝင်​တွေက အကြိမ်ကြိမ် သူ့​ကို အဓမ္မပြုကျင့်​ခဲ့​ပါတယ်။ မနှစ်က စက်တင်ဘာမှာ သူ ထွက်​ပြေး​လွတ်​မြောက်လာခဲ့​ပြီး​၊​ ကိုယ်ဝန် ၆ လ ရရှိခဲ့​ပါတယ်။ ဥဇမာရဲ့​ မိသား​စုက ​ရှေး​ရိုး​စွဲနိုင်တဲ့​ ပူရှထွန်လူ့​အဖွဲ့​အစည်း​ကို ရဲရဲဝံ့​ဝံ့​ရင်ဆိုင်ပြီး​ တရား​မျှတမှုအတွက် တိုက်ပွဲဝင်ဖို့​ ဆုံး​ဖြတ်ခဲ့​ကြပါတယ်။ ဒီအ​ကြောင်း​ ပါကစ္စတန်မှ သတင်း​ထောက် ‘ရှာဟဘ် အာ ရာမန်’ (Shahab-ur-Rahman)က သတင်း​ပေး​ပို့​ထား​တာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024