အိန္ဒိယမှာ သတို့သမီးတွေ လက်ဖွဲ့ကြေးတင်တောင်းရတာကို တိုက်ခိုက်တဲ့ အင်တာနက်ဂိမ်း ပေါ်ထွက်
Published By
DVB | 6 February, 2012
2K
0
Share
0
Comment
0
Likes

ဆင်းရဲတဲ့နိုင်ငံအများစုမှာ သမီးမိန်းကလေးကို အိမ်ထောင်ပြုပေးဖို့ဆိုရင် မိန်းကလေးရဲ့ မိသားစုဘက်က လက်ဖွဲ့ကြေး တင်တောင်းကြရပါတယ်။ မင်္ဂလာပွဲအခမ်းအနားမှာ မိန်းကလေးဘက်က ငွေသားနဲ့ လက်ဖွဲ့ပစ္စည်းတင်ရတဲ့ ဓလေ့ထုံးစံက အိန္ဒိယမှာလည်း အခုထိ အမြစ်တွယ်နေတုန်းပါ။ တခါတလေ သတို့သားဘက်က ရတာထက် ပိုလိုချင်ကြပါတယ်။ လက်ဖွဲ့ပစ္စည်းအလုံအလောက် မတင်နိုင်တဲ့ သတို့သမီးအချို့ဟာ အရိုက်အနှက်ခံရပါတယ်။ သူတို့ ယောက်ျားတွေက သတ်ပစ်တာတောင် ခံရပါတယ်။ ဒါပေမယ့် အခု အိန္ဒိယ သတို့သမီးရှာဖွေရေး အေဂျင်စီတခုက လက်ဖွဲ့ကြေးကြောင့် ဖြစ်ရတဲ့ အကြမ်းဖက်မှုတွေကို လူမှုကွန်ယက်မီဒီယာ အသုံးပြုပြီး ဖော်ထုတ်နေပါတယ်။ ‘ဒေါသကြီးသော သတို့သမီးများ’ ဆိုတဲ့ ဂိမ်းကစားနည်းတခုကနေ လောဘကြီးတဲ့ ယောက်ျားတွေကို တိုက်ခိုက် လက်စားချေနိုင်ဖို့ တီထွင် ပြုလုပ်ခဲ့ပါတယ်။ အဲဒီအကြောင်းကို နယူးဒေလီမြို့မှ သတင်းထောက် ဂျေဆင်စထရိုသာ (Jason Strother) က သတင်းပေးပို့ထားပါတယ်။