အာဖဂန်ပြည်တွင်းစစ်ကြောင့် ပျက်စီးခဲ့တဲ့ ကာဘူးလ် ရှေးဟောင်းပြတိုက် ပြန်လည်အသက်ဝင်
Published By
DVB | 3 February, 2012
1K
0
Share
0
Comment
0
Likes

အာဖဂန်နစ္စတန်က ပြည်သူလူထုတွေလိုပဲ အာဖဂန်ယဉ်ကျေးမှုအမွေတွေကို ထိန်းသိမ်းထားတဲ့ ကာဘူးလ်ပြတိုက်ဟာလည်း အမှောင်ခေတ်အောက်မှာ နှစ်ပေါင်းများစွာ ကျရောက်ခဲ့ပါတယ်။ ပြည်တွင်းစစ်ကာလအတွင်း အဲဒီပြတိုက်က ရှေးဟောင်းပစ္စည်း ၇၀ ရာခိုင်နှုန်း ခိုးယူခံရပြီး မှောင်ခိုဈေးကွက်တွေမှာ အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။ ၂၀၀၁ ခုနှစ်မှာ တာလီဘန်တွေက ပြတိုက်မှာရှိတဲ့ ပန်းပုနဲ့ ကြေးသွန်းရုပ် ၂၀၀၀ ကျော် ကို ဖျက်ဆီးပစ်ခဲ့ပါတယ်။ လူသားရုပ်တုပုံတွေဟာ အစ္စလာမ်ဘာသာကို ဆန့်ကျင်တာလို့ ကြေညာပြီး အပိုင်းပိုင်း အစိတ်စိတ် ဖျက်ဆီးခဲ့ပါတယ်။ ဒါပေမဲ့ မနှစ်ကစပြီး အဲဒီပြတိုက် ပြန်လည်ရှင်သန် အသက်ဝင်လာအောင် ပြန်လည်စတင်နေပြီဆိုတဲ့အကြောင်း ကာဘူးလ်မြို့မှ သတင်းထောက် ‘ဇူဘာယာ ဘာဘာကာခါလီ’ (Zubair Babakarkhail) က သတင်းပေးပို့ထားပါတယ်။