Home
မြန်မာသတင်း
မြိတ်တွင် ဆိုင်ကယ် ၂ စီး မျက်နှာချင်းဆိုင်တိုက်မိ၊ ၁ ဦးသေဆုံး
DVB
·
July 31, 2017
မြိတ်မြို့ တလိုင်းစုရပ် ကမ်းနားလမ်းမှာ ဇူလိုင် ၃၀ ရက် ည ၁၀ နာရီခွဲလောက်က ဆိုင်ကယ်နှစ်စီးတိုက်မိပြီး တဦးသေဆုံးခဲ့တယ်လို့ မြိတ်မြို့မရဲစခန်းက ပြောပါတယ်။ ဖြစ်စဉ်မှာ ဆိပ်ငယ်ရပ် ကမ်းနားလမ်းဘက်မှ နောက်လယ်ရပ်ကွက်ဘက်ကို မောင်းနှင်လာတဲ့ သန်းနိုင်စိုး ၃၃ နှစ်ဟာ "ကြယ်စင်" လျှပ်စစ်ပစ္စည်းအရောင်းဆိုင်ရှေ့မှာ နောက်လယ်ဘက်မှ ဆိပ်ငယ်ဘက် မောင်းနှင်လာတဲ့ဆိုင်ကယ် (ယာဉ်မောင်းအမည်မသိ) နဲ့ လမ်းမအလယ်မှာ မျက်နှာချင်းဆိုင်တိုက်မိပြီး အမည်မသိ ယာဉ်မောင်းက မောင်းနှင်ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။ ဒုရဲအုပ်လှမျိုးဝေက "သန်းနိုင်စိုးက ညဦးပိုင်းမှာ ကမ်းနားသဲကွင်းမှာ အရက်သောက်တယ်။ အခင်းမဖြစ်ခင် ၁၅ မိနစ်လောက်မှာ သူ့မိန်းမဆီ ဖုန်းပြောသေးတယ်။ ည ၁၀ နာရီခွဲခန့် အိမ်အပြန်လမ်းမှာ ဆိုင်ကယ်တိုက်တာ ဦးခေါင်းနောက်စိ ဖူးရောင်ဒဏ်ရာ၊ နှာခေါင်းသွေးထွက်ဒဏ်ရာ ရရှိလို့ ဆေးရုံကြီးကို တင်ပို့ပေးခဲ့တယ်။ ဒီနေ့ ဇူလိုင် ၃၁ ရက် မနက် ၈ နာရီခွဲမှာ သန်းနိုင်စိုးဟာ ရရှိဒဏ်ရာနဲ့ သေဆုံးသွားတယ်" လို့ ပြောပါတယ်။ ယာဉ်တိုက်မှုနဲ့ပတ်သက်ပြီး ယာဉ်ကို မဆင်မချင်မောင်းနှင်ပြီး လူကို ထိခိုက်ဒဏ်ရတွေ ရရှိအောင် မောင်းနှင်သူ သန်းနိုင်စိုးနဲ့ အမည်မသိယာဉ်မောင်းတို့ကို မြိတ်မြို့မရဲစခန်းမှ ယာဉ်(ပ) ၅၉/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၂၀၂ နဲ့ အမှုဖွင့်ဆောင်ရွက်ထားပြီး မောင်းနှင်ထွက်ပြေးသွားတဲ့ အမည်မသိယာဉ်မောင်းကို ဖမ်းဆီးရမိရေး စုံစမ်းနေတယ်လို့ သိရပါတယ်။ သတင်း၊ ဓာတ်ပုံ - မြတ်ထွဋ် (မြိတ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024