Home အာရှဒေသ အင်ဒိုနီးရှား ရဲတွေက ကလေးတွေကို နှိပ်စက်မှုအပေါ် တားမြစ်တဲ့ ဥပေဒသစ်
အင်ဒိုနီးရှား ရဲတွေက ကလေးတွေကို နှိပ်စက်မှုအပေါ် တားမြစ်တဲ့ ဥပေဒသစ်
indonesia_youth_torture_web_120128 အင်ဒိုနီးရှား လူ့အခွင့်အရေး အမျိုးသားကော်မရှင်က အင်ဒိုနီးရှားရဲတွေက ဖမ်းဆီးနှိပ်စက်လို့ လူငယ်နှစ်ဦး သေဆုံး သွားခဲ့ရကြောင်း အခုရက်ပိုင်းမှာ အတည်ပြုပြောဆိုခဲ့ပါတယ်။ အနောက်ဆူမာတြားကျွန်းမှာ သူခိုးငယ်လေးတွေဖြစ်တဲ့ ကောင်လေးနှစ်ယောက် ဖမ်းဆီးခံခဲ့ရပြီး၊ နောက်နှစ်ရက်ကြာတော့ ရဲစခန်းမှာ သေဆုံးနေတာကို တွေ့ကြရပါတယ်။ ရဲက ကလေးတွေက သူတို့ကိုယ်တိုင် ကြိုးဆွဲချ သတ်သေသွားတာလို့ ပြောဆိုပါတယ်။ နောက်မှ လူထုရဲ့ ဖိအားပေးပြောဆိုမှုကြောင့် ဖမ်းဆီးထားတုန်းမှာ ရိုက်နှက်တာ လွန်သွားတယ်လို့ ရဲတွေက ဝန်ခံခဲ့ပါတယ်။ ဒီအမှုက အင်ဒိုနီးရှားရဲတွေရဲ့ အာဏာ အလွဲသုံးပြုကျင့်မှုတွေကို ဖော်ပြတဲ့ ဖြစ်ရပ်တခုဖြစ်ကြောင်း ဂျာကာတာမှ သတင်းထောက် ‘စီထရာ ဒါ ပရာစ်တူတီ’ (Citra Prastuti) က သေဆုံးသူ ကလေးတွေရဲ့ အစ်မဖြစ်သူနဲ့တွေ့ဆုံပြီး သတင်းပေးပို့ထားတာဖြစ်ပါတယ်။
ဆက်စပ်သတင်းများ