YBS ၃၆ နှင့် အိမ်စီးကား တိုက်မိ၊ ၁ ဦး ဒဏ်ရာပြင်းထန် (ဓာတ်ပုံ)
DVB
·
July 31, 2017
ဒီနေ့ မနက် ၉ နာရီ ၄၃ မိနစ်လောက်က ရန်ကုန်မြို့ ရွှေဂုံတိုင်ခုံးကျော်တံတားအပေါ်မှာ YBS ၃၆ လိုင်းကားနဲ့ အိမ်စီးကားတို့ တိုက်မိခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
အခင်းဖြစ်ပွားရာကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ကယ်ဆယ်ရေးယာဉ်တစီး နဲ့ သွားရောက်ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။ အိမ်စီးကား ယာဉ်မောင်း ဒဏ်ရာရပြီး အခြေနေ စိုးရိမ်ရတယ်လို့ သိရပါတယ်။