မြန်မာနိုင်ငံတွင် ဂရပ်ဖစ်ဒီဇိုင်းပြပွဲ ပထမဆုံးအကြိမ်ပြုလုပ် (ဓာတ်ပုံ)

မြန်မာနိုင်ငံမှာရှိတဲ့ မြန်မာဂရပ်ဖစ်ဒီဇိုင်နာ အသင်းအဖွဲ့တခု ဖြစ်ပေါ်လာရေးအတွက် ရည်ရွယ်ပြီး ဂရပ်ဖစ်ဒီဇိုင်နာ လူကြီးလူငယ်တွေ စုပေါင်းကာ ပထမဦးဆုံးအကြိမ် ဂရဖစ်ဒီဇိုင်းပြပွဲကို ဇူလိုင် ၃၀ ရက်နေ့က ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။ My Family ဆိုတဲ့ခေါင်းစဉ်နဲ့ ပြခဲ့တာဖြစ်ပြီး ဒီပြပွဲကနေတဆင့် မြန်မာဂရပ်ဖစ်ဒီဇိုင်နာ အသင်းအဖွဲ့တခုဖြစ်လာအောင် ကြိုးစားသွားမယ်လို့ ပန်းချီဒီဇိုင်နာ မြင့်မောင်ကျော်က ပြောပါတယ်။ လက်ရှိမှာလည်း မြန်မာနိုင်ငံတဝန်းက ဒီဇိုင်နာလူငယ်တွေကို မြန်မာဂရပ်ဖစ်ဒီဇိုင်နာ အသင်းဝင်ကြဖို့ ခေါ်ယူလက်ခံနေပါတယ်။ မြန်မာနိုင်ငံ ပညာရေးနိမ့်ကျမှုအထဲမှာ ဂရပ်ဖစ်ဒီဇိုင်းအနုပညာ နိမ့်ကျမှုလည်း ဖြစ်စေတယ်လို့ ပြောပါတယ်။ လူငယ်တွေ နိုင်ငံတာကာကို ထိုးဖောက်နိုင်ဖို့ ခိုင်မာတဲ့ ဂရပ်ဖစ်အဖွဲ့တခုရှိဖို့ လိုအပ်တာကြောင့် အခုလို မြန်မာဂရပ်ဖစ်ဒီဇိုင်နာ အသင်းအဖွဲ့တခုအဖြစ် တည်ထောင်ဖို့ စတင်ခဲ့တာပါလို့ ပန်းချီဒီဇိုင်နာ မြင့်မောင်ကျော်က ပြောပါတယ်။ ဓာတ်ပုံ - လွင်မှိုင်း  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up