Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းတွင် H1N1 နှင့် ဂျပန်ဦးနှောက်အမြှေးရောင် သံသယလူနာများ သေဆုံးခဲ့
ပိုင်စိုး
·
July 30, 2017
  စစ်ကိုင်းတိုင်း မုံရွာနဲ့ မော်လိုက်မြို့တွေမှာ H1N1 သံသယရှိသူ လူနာ ၁ ယောက်နဲ့ ဂျပန်ဦးနှောက် အမြှေးရောင်လို့ ယူဆရတဲ့ လူနာ ၃ ယောက် သေဆုံးသွားတယ်လို့ တိုင်း လူမှုရေးဝန်ကြီး ဒေါက်တာ ဇော်ဝင်းက ပြောပါတယ်။ ဒီပဲယင်းက အသက် ၁၈ နှစ်အရွယ် လူငယ်တစ်ယောက်ဟာ  မုံရွာဆေးရုံကို ဇူလိုင် ၂၉ ရက် နေ့လယ် ၁ နာရီခွဲမှာ ရောက်လာပြီး ညနေ ၅ နာရီမှာ သေဆုံးခဲ့တာပါ။ မော်လိုက်မြို့နယ်၊ ပန်းသာ ကျေးလက်ကျန်းမာရေးဌာနခွဲမှာလည်း လူ ၃ ယောက် သေဆုံးခဲ့ပြီး ဂျပန်ဦးနှောက် အမြှေးရောင် ရောဂါလို့ သံသယ ဖြစ်နေတာပါ။ “နမူနာတွေကို နေပြည်တော် ဓာတ်ခွဲခန်းကို ပို့ထားပါတယ်။ အဖြေကတော့ မသိရသေးပါဘူး။ ဒီလူတွေအပြင် စစ်ကိုင်းတိုင်းထဲမှာ နောက်ထပ် သံသယလူနာ မရှိပါဘူး” လို့ ဒေါက်တာ ဇော်ဝင်းက ပြောပါတယ်။ လက်ရှိမှာတော့ အသိပညာပေးဟောပြောတာတွေ လုပ်နေတယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။ “အဓိကကတော့ တကိုယ်ရေသန့်ရှင်းရေး ရှိရမယ်။ ကိုယ်ခံအားကောင်းအောင် လုပ်ရမယ်။ လူထူထပ်တဲ့ နေရာတွေကို မလိုအပ်ပဲ မသွားဖို့ လိုတယ်။ လက်ဆေးဖို့လိုတယ်” လို့ ပြောပါတယ်။ ဒါ့အပြင် သံသယလူနာတွေရှိလာရင် ထားနိုင်ဖို့ တိုင်းထဲမှာရှိတဲ့ ဆေးရုံတွေမှာ သီးသန့်ခန်းတွေ စီစဉ်ထားပြီလို့လည်း ဝန်ကြီးက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024