DVB Logo
Home
မြန်မာသတင်း
အန်အယ်လ်ဒီကို မဲပေးဖို့ တပ်မတော်သားတွေကို ဒေါ်စုတိုက်တွန်း
DVB
·
March 6, 2012
အန်အယ်လ်ဒီကို မဲပေးဖို့ တပ်မတော်သားတွေကို ဒေါ်စုတိုက်တွန်း
1 / 3
Donate to DVB
[caption id="attachment_22134" align="alignright" width="300" caption="နေပြည်တော် ပုဗ္ဗသီရိမြို့နယ်မှာ မဲဆွယ်တရား ဟောပြောနေစဉ်"][/caption]
ဒီနေ့ မနက်က နေပြည်တော် ၄ မြို့နယ်ထဲက ပုဗ္ဗသီရိမြို့နယ်မှာ ကြားဖြတ် ရွေးကောက်ပွဲအတွက် မဲဆွယ် တရားဟောစဉ် တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။
ခရီးစဉ်မှာ ပါသွားတဲ့ ရန်ကုန်အခြေစိုက် သတင်းထောက်တဦးက “တပ်မတော် သားတွေကို အဓိက မဲပေးဖို့ ပြောသွားတယ်။ တပ်မတော်သားတွေကလည်း သူ့ ဖေဖေခေတ်တုန်းက ပြည်သူတွေ သိပ်ချစ်ကြတယ်။ ပြည်သူတွေရဲ့ ပြန်လည် ချစ်ခင်မှုကို ပြန်ရဖို့အတွက် တပ်မတော်သားတွေအနေနဲ့ အန်အယ်လ်ဒီကို မဲထည့်ဖို့အဓိက ပြောသွားတယ်။” လို့ပြောပါတယ်။
တပ်မတော်သားတွေကို ပြည်သူက ချစ်ဖို့ လိုသလို တပ်မတော်သားတွေကလည်း ပြည်သူကို အားကိုးဖို့၊ မြန်မာ့တပ်မတော်ဟာ နိုင်ငံရဲ့ အခြေခံဖြစ်ဖို့နဲ့ ပြည်သူတွေအပေါ်ကို စိုးမိုးချင်တဲ့ ဆန္ဒတွေမရှိဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က   ပြောကြားသွားပါတယ်။
အဆိုတော် ဇေယျာသော် ယှဉ်ပြိုင် မယ့် ပုဗ္ဗသီရိမြို့နယ်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဆိုင်းဘုတ်တွေ ဖျက်ဆီးခံထားရတဲ့ အပေါ် ဒေါ်အောင်ဆန်းစုကြည်က ပြင်းပြင်းထန်ထန် ဝေဖန်သွားတယ်လို့ လိုက်ပါသွားတဲ့သတင်းထောက်က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့ မတ်လ ၆ ရက်နေ့မှာ နေပြည်တော်တိုင်း အတွင်းက ပုဗ္ဗသီရိ နဲ့ ဥတ္တရသီရိ မြို့နယ်တွေမှာ မဲဆွယ် တရားဟောခဲ့ပြီး နေ့လည်ပိုင်းမှာ တောင်ငူ၊ အုတ်တွင်းနဲ့ ထန်းတပင်မြို့နယ်တွေမှာ ဆက်လက် တရားဟောမှာ ဖြစ်ပါတယ်။
Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo
About Us
For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.
Follow Us
© Democratic Voice of Burma 2013