Home
မြန်မာသတင်း
ကုလအချက်အလက် ရှာဖွေရေးအဖွဲ့ ခေါင်းဆောင်သစ် ပြောင်းလဲခန့်အပ်
DVB
·
July 29, 2017
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေး  အဖွဲ့ခေါင်းဆောင်ကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက အသစ်ပြောင်းလဲ ခန့်အပ်လိုက်ပါတယ်။ အချက်အလက်ရှာဖွေရေးအဖွဲ့ခေါင်းဆောင် ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ အိန္ဒိယနိုင်ငံက တရားရုံးချုပ်ရှေ့နေ အင်ဒီရာဂျာဆင်းရဲ့ နေရာမှာ အင်ဒိုနီးရှား ရှေ့နေချုပ်ဟောင်း မာဇူကီ ဒါရုစ်မန်းကို ကို အစားထိုး ခန့်လိုက်တာ ဖြစ်ပါတယ်။ အိန္ဒိယ တရားရုံးချုပ် ရှေ့နေကို ဘာကြောင့် ရာထူးကနေ ဖယ်ရှားရသလို ဆိုတာကိုတော့ ကုလသမဂ္ဂဘက်က ပြောဆိုတာ မရှိပါဘူး။ ဒါပေမယ့် အင်ဒီရာဂျာဆင်းဟာ အယ်ဂျာဇီးရားသတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းရာမှာ ရိုဟင်ဂျာတွေ အရေး ပြောဆိုတာနဲ့ ပက်သက်ပြီး ဝေဖန်ခံရတာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။ ကုလ လူ့အခွင့်အရေး ကောင်စီက ဖွဲ့စည်းပေးထားတဲ့ မြန်မာဆိုင်ရာ အချက်အလက် ရှာဖွေရေး အဖွဲ့ဟာ ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်တွေနဲ့ ပက်သက်ပြီး အချက်အလက်ရှာဖွေကာ တင်ပြရမှာပါ။ အချက်အလက်ရှာဖွေရေးအဖွဲ့ဟာ လာမယ့် စက်တင်ဘာမှာ ကုလလူ့အခွင့်အရေး ကောင်စီကိုနှုတ်နဲ့ အစီရင်ခံရမှာဖြစ်ပြီး လာမယ့်နှစ် မတ်လထဲမှာတော့ အစီရင်ခံစာ တင်သွားရမှာ ဖြစ်ပါတယ်။ မြန်မာအစိုးရကတော့ အချက်အလက်ရှာဖွေရေးအဖွဲ့ကို လက်မခံသလို  နိုင်ငံတွင်း ၀င်ရောက်ခွင့် မပြုဘူးလို့ လည်း ပြောဆိုထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024