Sunday, May 28, 2023
HomeLead Storyမြင်းခြံ အွန်​လိုင်းပရဟိတအသင်း မြို့​ပေါ်ရပ်​ကွက်​များအား ခြင်​​ဆေးဖျန်း​ပေး

မြင်းခြံ အွန်​လိုင်းပရဟိတအသင်း မြို့​ပေါ်ရပ်​ကွက်​များအား ခြင်​​ဆေးဖျန်း​ပေး

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ပေါ်ရှိ ရပ်ကွက်တွေမှာ လူငယ်များစုပေါင်းဖွဲ့စည်းထားတဲ့ မြင်းခြံ အွန်လိုင်းပရဟိတအသင်းဟာ မြို့ပေါ်ရပ်ကွက်တွေကို ဆင်းပြီး ခြင်ဆေးဖျန်းခြင်းများကို နေ့စဉ်ရက်ဆက် ပြုလုပ်ပေးနေပါတယ်။

မိုးအဆက်မပျက်ရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်တွေရှိ လူနေအိမ်ခြေတွေ၊ ခြင်ခိုအောင်းနိုင်တဲ့ ရေမြောင်းတွေ၊ မြက်ခင်းနဲ့ ချုံပုတ်တွေ စတဲ့နေရာတွေကို ခြင်ဆေး ဖျန်းပေးနေကြတာဖြစ်ပါတယ်။

မြင်းခြံ အွန်လိုင်းပရဟိတအဖွဲ့မှ ကိုအောင်ကျော်မြင့်က “ကျနော်တို့ အဓိက ရည်ရွယ်ချက်ကတော့ ခုက မိုးတွင်းကာလဆိုတော့ သွေးလွန်တုပ်ကွေးတွေက အဖြစ်များ နေကြတယ်။ ကျနော်တို့ မြို့ပေါ်ရပ်ကွက်တွေကို ခြင်အန္တရာယ်ကင်းဝေးစေဖို့ အတွက် တတ်နိုင်တဲ့ဘက်က ကူညီပြီး ခြင်ဆေးဖျန်းပေးနေတာပါ။ ခုက ရပ်ကွက်အချို့ကိုပဲ ဖျန်းပေးနေရသေးတယ်။ ဆက်ပြီး ကျန်တဲ့ရပ်ကွက်တွေနဲ့ ကျေးရွာတွေအထိသွားရောက်ပြီး ခြင်ဆေးဖြန်းပေးသွားမှာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

မြင်းခြံမြို့မှာ ရပ်ကွက် (၂၀) ရပ်ကွက်ရှိပြီး မြင်းခြံ အွန်လိုင်းပရဟိတအသင်းတွေ ခြင်ဆေးဖြန်းရာမှာ Junction River Trading Company Limited မှ လိုအပ်သည်များကို ကူညီပံပိုးပေးထားတာဖြစ်ပြီး ၊ အမှတ် (၁၉) ရပ်ကွက် ဖွံဖြိုးရေးအသင်း လူငယ်များ နှင့်၊ အမှတ် (၁၅) ခြေမြန်တပ်ရင်းမှ စစ်သည်တစ်ချို့ ပူးပေါင်းပါဝင်ပြီး ခြင်ဆေးဖြန်းပေး ခြင်းတို့ ပြုလုပ်ပေးခဲ့ကြတယ်လို့ သိရပါတယ်။

သတင်း၊ဓာတ်ပုံ-ရီရီထွန်း

RELATED ARTICLES
- Advertisment -
Google search engine

Most Popular