DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် အစိုးရရုံးစိုက်ရာ နေပြည်တော်မှာ မဲဆွယ်စည်းရုံး
DVB
·
March 5, 2012
ဒေါ်အောင်ဆန်းစုကြည် အစိုးရရုံးစိုက်ရာ နေပြည်တော်မှာ မဲဆွယ်စည်းရုံး
1 / 6
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဒေါ်အောင်ဆန်းစုကြည်ဟာ အစိုးရရုံးစိုက်ရာ နေပြည်တော်မှာ မဲဆွယ်စည်းရုံးရေး ခရီးစဉ်မှာ လူထောင်ပေါင်းများစွာက မဲဆွယ်တရား ဟောပြောပွဲကို တက်ရောက် နားထောင်ခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ဟောပြောပွဲမှာ မိန့်ခွန်း ပြောကြားရာမှာ  “ကျမတို့ဟာ ပုဂ္ဂိုလ် ၁ ယောက်အတွက်သာ မဲတောင်းနေတာ မဟုတ်ပါဘူး။ ကျမတို့ရဲ့ အဖွဲ့အတွက် မဲတောင်းနေတာပါ။ ကျမတို့ရဲ့ ကိုယ်စားလှယ်ဟာ လုပ်သင့်လုပ်ထိုက်တာကို မလုပ်ရင် ကျမတို့ အဖွဲ့ချုပ်ကနေ ထိန်းသိမ်းသွားမယ်။ ဆုံးမသွားမယ်။ သွန်သင်သွားမယ်။ ဒါအဖွဲ့ရဲ့ တာဝန်ပါ။

ကျမတို့ရဲ့ ကိုယ်စားလှယ်တွေ အားလုံးကို တာဝန်ယူတယ်။ ပြည်သူလူထု မကျေနပ်အောင် လုပ်တဲ့ ကိုယ်စားလှယ်ဆိုရင် အဖွဲ့ချုပ် က သွန်သင်ဆုံးမပေးမှာ ဖြစ်သလို ပြုပြင်ပေးမယ်။ ဒါကြောင့် ဘယ်လောက်ပဲ ဦးနိုင်ငံလင်းက တော်တော်။ ဦးနိုင်ငံလင်းကို မဲထည့်တာ မဟုတ်ဘဲနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွက် ထည့်တာပါဆိုတာကိုတော့ စိတ်ထဲမှာ ထားစေချင်တယ်။”

[caption id="attachment_22089" align="alignright" width="300" caption="ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်ခရီးစဉ် (ဓာတ်ပုံ ဒီဗွီဘီ)"][/caption]ဧပြီ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်သူလူထုကို မဖြစ်မနေ မဲသွားပေးကြဖို့ တိုက်တွန်းပြီးတော့ ပယ်မဲ မဖြစ်ဖို့ကိုလည်း မိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုသွားပါတယ်။

 

“ဧပြီ ၁ရက်နေ့ ရွေးကောက်ပွဲမှာ မဲပေးနိုင်အောင် ကြိုးစားရမယ်။ ဒါက နံပါတ် ၁ အချက်။ နံပါတ် ၂ ကတော့ အဲဒီနေ့မှာ မဲသွားပေးရမယ်။ အရေးကြီးဆုံး အချက်ကတော့ မဲထည့်တဲ့အခါ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကိုပဲ ထည့်ပါ။ တခြားအဖွဲ့အစည်းတွေကို ယောင်မှားပြီးတော့ မဲမထည့်ပါနဲ့။ မဲထည့်တဲ့အခါမှာလည်း မမှားစေနဲ့။ ပယ်မဲ မဖြစ်သွားအောင် သတိထားပါ။ ဒါနဲ့ ပတ်သက်လို့ ကျမတို့ ကိုယ်စားလှယ်လောင်းနဲ့ ပါတီဝင်တွေကနေ ပညာပေး အစီအစဉ်တွေလုပ်ဖို့ ကြိုးစားနေပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒက္ခိဏသီရိမြို့နယ်မှာ ၀န်ထမ်းတွေ အပါအ၀င် ပြည်သူလူထု ကြိုဆိုကြပုံကို ဒေါ်အောင်ဆန်းစုကြည် စည်းရုံးရေး ခရီးမှာ အတူပါနေတဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြတ်ဥာဏစိုးက သူမြင်ခဲ့ရပုံကို ခုလို ပြောပါတယ်။

“ဒီနေရာဟာ နေပြည်တော်ဧရိယာမှာ ဇမ္ဗူသီရိ၊ ဒက္ခိဏသီရိ၊ပုဗ္ဗသီရိနဲ့ ဥတ္တရသီရိ မြို့နယ်တွေ ဆိုတာက အသစ်ဖွဲ့စည်းထားတဲ့ မြို့နယ်တွေပါ။ ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဆိုရင် စိမ်းတယ်လို့ ပြောလို့ရတဲ့ နယ်မြေတွေက ဒေသခံ ပြည်သူလူထုနဲ့ ၀န်ထမ်းတွေ အပါအ၀င် တကယ်ကို အားရစရာ အုန်းအုန်းကျွက်ကျွက် ကြိုဆိုကြပုံက ကျနော်တို့ ကိုယ်စားလှယ်လောင်းတွေ အတွက်ရော အဖွဲ့ချုပ် အတွက်ရော အင်မတန်မှ တက်ကြွဖို့ ကောင်းတဲ့ ကြိုဆိုမှုမျိုးတွေကို ကြုံရပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့မှာ နေပြည်တော် ဒက္ခိဏသီရိနဲ့ ဇမ္မူသီရိမြို့နယ် တွေမှာ မဲဆွယ်စည်းရုံးရေးအတွက် ဟောပြောခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013