သတင်းလွတ်လပ်ခွင့်အတွက် မော်လမြိုင်မြို့တွင် သတင်းသမားများ ဆန္ဒထုတ်ဖော်
DVB
·
July 27, 2017
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ မြန်မာပြည်တောင်ပိုင်း ဂျာနယ်လစ်ကွန်ရက်က ဦးဆောင်စီစဉ်ပြီး ဒီနေ့ မနက်ပိုင်း မွန်နဲ့ ကရင် သတင်းသမား ၄၀ ဝန်းကျင်လောက် သတင်းလွတ်လပ်ခွင့်အတွက် ဆန္ဒထုတ်ဖော် လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။
သတင်းမီဒီယာတွေအပေါ် ခြိမ်းခြောက်မှု ရှိနေတာ၊ ဖိနှိပ်မှုရှိတဲ့ တည်ဆဲဥပဒေတွေသုံးပြီး သတင်းသမားတွေအပေါ် တရားစွဲဆို ဖမ်းဆီး aထာင်ချတာတွေ ရှိနေတဲ့အပေါ် သိရှိလာစေဖို့ ရည်ရွယ်လုပ်ဆောင်တာဖြစ်ပြီး လက်ကမ်းစာစောင်တွေကိုလည်း မော်လမြိုင်မြို့ ဈေးအနီးတဝိုက်က ပြည်သူတွေထံ ဖြန့်ဝေပေးခဲ့ကြပါတယ်။