DVB Logo
Home
မြန်မာသတင်း
ပွင့်​လင်း​ လူ့​အဖွဲ့​အစည်း​ပေါ်​ပေါက်​ရေး​ ၈၈ မျိုး​ဆက်​ကျောင်း​သား​ ​ခေါင်း​ဆောင်များ​ သတင်း​စာရှင်း
DVB
·
March 4, 2012
ပွင့်​လင်း​ လူ့​အဖွဲ့​အစည်း​ပေါ်​ပေါက်​ရေး​ ၈၈ မျိုး​ဆက်​ကျောင်း​သား​ ​ခေါင်း​ဆောင်များ​ သတင်း​စာရှင်း
Donate to DVB

၈၈ မျိုး​ဆက်​ကျောင်း​သား​တွေရဲ့​ ငြိမ်း​ချမ်း​ရေး​နဲ့​ပွင့်​လင်း​ လူ့​အဖွဲ့​အစည်း​ခေါင်း​စဉ်နဲ့​ သတင်း​စာရှင်း​လင်း​ပွဲတခုကို ဒီက​နေ့​ ရန်ကုန်မှာ ပြုလုပ်ပါတယ်။

သင်္ဃန်း​ကျွန်း​မြို့​နယ်၊​ သီရိဂုဏ်အိမ်ယာမှာ ပြုလုပ်တဲ့​ သတင်း​စာ ရှင်း​လင်း​ပွဲမှာ ၈၈ မျိုး​ဆက်​ကျောင်း​သား​တွေ ပြီး​ခဲ့​တဲ့​ ရက်ပိုင်း​အတွင်း​သွား​ခဲ့​တဲ့​ မြစ်ကြီး​နား​၊​ မန္တ​လေး​ စတဲ့​ ခရီး​စဉ် အ​တွေ့​အကြုံ​တွေနဲ့​ အဲ့​ဒီအ​တွေ့​အကြုံ​တွေ​ပေါ် မူတည်ပြီး​တော့​ အရပ်ဘက်လူ့​အဖွဲ့​အစည်း​ ​ပေါ်​ပေါက်​ရေး​အတွက် ​ဆောင်ရွက်သွား​မယ့်​ ကိစ္စရပ်​တွေကို ရှင်း​လင်း​ ​ပြေကြား​ခဲ့​ကြပါတယ်။

တနင်္ဂ​နွေ​နေ့​ သတင်း​စာရှင်း​လင်း​ပွဲမှာ အဓိက ရှင်း​လင်း​ပြောကြား​ခဲ့​တာကို ၈၈ မျိုး​ဆက်​ကျောင်း​သား​ ​ခေါင်း​ဆောင်တဦး​ဖြစ်တဲ့​ ကိုဂျင်မီက ခုလို​ပြောပြပါတယ်။

“အဓိကက​တော့​ အထက်မြန်မာပြည် မြစ်ကြီး​နား​၊​ မန္တ​လေး​ ခရီး​စဉ်နဲ့​ ပဲခူး​တိုင်း​ ခရီး​စဉ်၊​ နိုင်ငံ​တော် သမ္မတ မိန့်​ခွန်း​ပေါ့​။ အဲဒီအရာ​တွေ​ပေါ် အ​ခြေတည်ပြီး​ ကျ​နော်တို့​ သွား​နေတဲ့​ လမ်း​ကြောင်း​တခု​ပေါ့​။ ငြိမ်း​ချမ်း​ရေး​နဲ့​ပွင့်​လင်း​လူ့​အဖွဲ့​အစည်း​ ​ခေါင်း​စဉ်​အောက်က​နေ ကျ​နော်တို့​ ​ပြောကြဆိုကြတာပါ။”

သတင်း​စာရှင်း​လင်း​ပွဲကို ၈၈ မျိုး​ဆက်​ကျောင်း​သား​ခေါင်း​ဆောင်​တွေဖြစ်တဲ့​ ကိုမင်း​ကိုနိုင်၊​ ကိုကိုကြီး​၊​ ကိုမြ​အေး​၊​ ကိုဂျင်မီစတဲ့​သူ​တွေနဲ့​ ပြည်တွင်း​ပြည်ပ သတင်း​ဌာန​တွေက သတင်း​စာဆရာ ၅၀ ​လောက်တက်​ရောက်ခဲ့​ကြပြီး​၊​ သိလိုတာ​တွေ ​မေး​မြန်း​ခဲ့​ကြတာကိုလည်း​ ၈၈ မျိုး​ဆက် ​ကျောင်း​သား​ ​ခေါင်း​ဆောင်​တွေက ပြန်လည် ​ဖြေကြား​ခဲ့​ကြပါတယ်။

တနင်္ဂ​နွေ​နေ့​ သတင်း​စာရှင်း​လင်း​ပွဲအပြီး​ ည​နေပိုင်း​မှာပဲ ကိုမင်း​ကိုနိုင်၊​ ကို​ဌေး​ကြွယ်၊​ ကိုဂျင်မီနဲ့​ ကိုအံ့​ဘွယ်​ကျော်တို့​ဟာ မ​ကွေး​တိုင်း​၊​ ​ချောက်မြို့​ကို ခရီး​ထွက်မှာဖြစ်ပြီး​၊​ အရပ်ဘက်လူ့​အဖွဲ့​အစည်း​တွေ​ပေါ်​ပေါက်​ရေး​ ​ဆောင်ရွက်သွား​ကြမယ်လို့​ သိရပါတယ်။

၈၈ မျိုး​ဆက်​တွေရဲ့​ အခုသတင်း​စာရှင်း​လင်း​ပွဲဟာ ဒုတိယအကြိမ် ပြုလုပ်တာဖြစ်ပြီး​၊​ အကျဉ်း​ထောင် အသီး​သီး​က ပြန်လည်လွတ်​မြောက်ခါစက ပထမအကြိမ် သတင်း​စာရှင်း​လင်း​ပွဲ ပြုလုပ်ခဲ့​ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013