နိုင်ငံ၏ ​ကောင်း​ကျိုး​ဆိုး​ကျိုး​ကို ပြည်သူကပဲ ဖန်တီး​နိုင်ဟု ​ဒေါ်​အောင်ဆန်း​စုကြည် ​ပြော

နိုင်ငံရဲ့​ ​ကောင်း​ကျိုး​ဆိုး​ကျိုး​ကို ဖန်တီး​နိုင်တာ ပြည်သူလူထုပဲ ဖြစ်တယ်။ ပြည်သူလူထုရဲ့​အား​ဟာ အလွန်ကြီး​မား​ပါတယ်လို့​ မတ်လ ၄ ရက်၊​ တနင်္ဂ​နွေ​နေ့​မှာ ပြုလုပ်တဲ့​ စစ်ကိုင်း​မြို့​ လူထု​ဟော​ပြောပွဲမှာ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ဥက္ကဋ္ဌ ​ဒေါ်​အောင်ဆန်း​စုကြည်က ​ပြောကြား​လိုက်ပါတယ်။ စစ်ကိုင်း​မြို့​ ဧရာဝတီ သဲ​သောင်ပြင်မှာ ပြုလုပ်တဲ့​ စစ်ကိုင်း​မြို့​ လူထု​ဟော​ပြောပွဲကို ​ဒေသခံပြည်သူ တသိန်း​ခွဲ​လောက် တက်​ရောက် နား​ထောင်ခဲ့​ကြပြီး​၊​ ဥက္ကဋ္ဌ ​ဒေါ်​အောင်ဆန်း​စုကြည်က မိနစ်နှစ်ဆယ်ကြာ မိန့်​ခွန်း​ ​ပြောကြား​ခဲ့​တဲ့​အ​ကြောင်း​ အဖွဲ့​ချုပ် အတွင်း​ရေး​မှူး​ အဖွဲ့​ဝင် ဦး​အုန်း​ကြိုင်က ​ပြောပါတယ်။ ပြည်သူလူထုရဲ့​အား​ ဆိုတာကို သူ့​ရဲ့​ အခုမန္တ​လေး​နဲ့​ စစ်ကိုင်း​ခရီး​စဉ်အတွင်း​ ​ဒေသခံ လူထုကြိုဆိုပုံနဲ့​ ဥပမာ​ပေး​ပြီး​ ​ပြောကြား​သွား​တာကိုလည်း​ ဦး​အုန်း​ကြိုင်က ခုလို ​ပြောပြပါတယ်။ “မှတ်သား​စရာ ဥပမာ​လေး​တခုကို သူ​ပြောတယ်။ လမ်း​မှာ သူလာတဲ့​အခါ လူ​တွေက ကား​ပေါ်က​နေ လက်ပြပြီး​ နှုတ်ဆက်ရုံနဲ့​ လူ​တွေက မ​ကျေနပ်ဘူး​။ ပန်း​စည်း​တွေ ပန်း​ကုန်း​တွေနဲ့​ ကြိုကြတယ်။ အမျိုး​သား​တွေ​ရော အမျိုး​သမီး​တွေပါ ပါတယ်တဲ့​။ သူက​တော့​ သူ့​ကို လက်ဆွဲနှုတ်ဆက်တဲ့​သူကို မငြင်း​ချင်တာနဲ့​ လက်ဆွဲနှုတ်ဆက်တာ​တွေ လုပ်တယ်တဲ့​။ အမျိုး​သား​တွေက အလွန်ညင်သာတယ်တဲ့​၊​ အမျိုး​သမီး​တွေက​တော့​ တခါတည်း​ ဆုပ်ကိုင်ထား​တတ်တယ်တဲ့​။ ဒါက ဘာကို ​ပြောချင်တာလဲဆို​တော့​ အမျိုး​သား​တွေက သူတို့​ အား​ရှိမှန်း​ သူတို့​ သိတယ်တဲ့​။ အား​ရှိမှန်း​သိ​တော့​ သူတို့​အား​ကို သိပ်မသုံး​ဘူး​တဲ့​။ သိပ်မသုံး​တဲ့​အခါကျ​တော့​ သိမ်သိမ်​မွေ့​မွေ့​လေး​ပဲ လုပ်တယ်။ အမျိုး​သမီး​တွေက​တော့​ အား​မရှိဘူး​ဆိုတဲ့​ အသိနဲ့​ ကိုင်မိပြီဆိုရင် အား​ပြုမိတယ်တဲ့​။ နှုတ်ဆက်တဲ့​သူ​ရော သူ​ရော အန္တရာယ် ​ရောက်သွား​နိုင်တယ်​ပေါ့​။ ကား​ပေါ်က​နေ နှုတ်ဆက်ရတာကိုး​။ အဲဒီလိုပဲ ပြည်သူလူထုမှာလည်း​ အား​မရှိဘူး​ မထင်နဲ့​တဲ့​ ပြည်သူလူထုအား​က အရမ်း​ကြီး​မား​တယ်တဲ့​။ အဲဒါကို အား​ဖြစ်​အောင် တကယ်လက်​တွေ့​ လုပ်နိုင်​အောင် သွား​ဖို့​ပဲ ဖြစ်တယ်တဲ့​။” မတ်လ ၃ ရက်က မန္တ​လေး​လူထု ​ဟော​ပြောပွဲမှာ သူကျန်း​မာ​ရေး​မ​ကောင်း​လို့​ မြို့​လူထုကို အား​နာတဲ့​အ​ကြောင်း​နဲ့​ ဒီ​နေ့​မှာ​တော့​ သူ့​ကျန်း​မာ​ရေး​ကောင်း​နေပြီ လို့​လည်း​ ​ဒေါ်​အောင်ဆန်း​စုကြည်က စစ်ကိုင်း​လူထုကို ​ပြောကြား​ခဲ့​ပါတယ်။ ဒါ့​အပြင် ဧပြီတရက်မှာ မဲ​ပေး​ကြဖို့​ တိုက်တွန်း​သွား​တယ်လို့​လည်း​ သိရပါတယ်။ အဖွဲ့​ချုပ်ဥက္ကဋ္ဌ ​ဒေါ်​အောင်ဆန်း​စုကြည်ဟာ မတ်လ ၄ ရက် မနက်ပိုင်း​မှာ မန​လေး​မြို့​က သက်​တော်ရှည် ​ရွှေကျင်သာသနာပိုင်ဆရာ​တော်ကြီး​နဲ့​ အမရပူရ၊​ မဟာဂန္ဓာရုံ​ကျောင်း​တိုက် ဆရာ​တော်ကြီး​တို့​ကိုလည်း​ သွား​ရောက် ဖူး​မျှော်ကြည်ညိုပြီး​ ကန်​တော့​ခဲ့​ပါတယ်။ မန္တ​လေး​မြို့​က​နေ စစ်ကိုင်း​မြို့​အသွား​ လမ်း​တ​လျှောက်မှာလည်း​ ​ဒေသခံပြည်သူ ​သောင်း​နဲ့​ချီပြီး​ လိုက်လံနှုတ်ဆက် ကြိုဆိုခဲ့​ကြပါတယ်။ ​ဒေါ်​အောင်ဆန်း​စုကြည်ဟာ စစ်ကိုင်း​မြို့​က အပြန်မှာ​တော့​ မန္တ​လေး​ ​ဈေး​ချို​တော်ဘက် ကား​နဲ့​လှည့်​ပြီး​ ​ဈေး​ချို​တော် မိသား​စုကို နှုတ်ဆက်ခဲ့​ပါ​သေး​တယ်။ ည​နေပိုင်း​မှာ​တော့​ မန္တ​လေး​တောင်ဟိုတယ်မှာ အနား​ယူခဲ့​ပါတယ်။ မတ်လ ၅ ရက်၊​ တနင်္လာ​နေ့​မှာ​တော့​ နွား​ထိုး​ကြီး​၊​ မိတ္ထီလာနဲ့​ ​နေပြည်​တော်တို့​ကို ပါတီစည်း​ရုံး​ရေး​ခရီး​စဉ်အဖြစ် ဆက်လက် သွား​ရောက်မှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up