Home
မြန်မာသတင်း
ကလေးမြို့နယ်၌ ဘိန်းဖြူ ၁၅ ဂရမ်နှင့် ဘိန်းမဲအချို့ ပိုင်ရှင်နှင့်အတူဖမ်းမိ
DVB
·
July 25, 2017
ဇူလိုင်လ၂၄ ရက်ည ၈ နာရီလောက်က ကလေးမြို့နယ် ၅၅ မိုင် ကျေးရွာမှာ ဘိန်းဖြူ ၁၅ ဂရမ်နဲ့အတူ ဘိန်းမဲအချို့ပိုင်ရှင်နဲ့အတူ ဖမ်းမိခဲ့တယ်လို့ ကလေးခရိုင်ရဲတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။ "သတင်းအရသွားပြီး အိမ်ကို ရှာဖွေရာမှာ အဲ့ဒီအိမ်မှာ ရောင်းချသူနဲ့ ဝယ်သူပုံစံမျိုး ပစ္စည်းနဲ့အတူ ဖမ်းမိတယ်။ ဖမ်းတော့ အမျိုးသားတယောက်တောင် အိမ်ပေါ်က ထွက်ပြေးတာ လိုက်ဖမ်း လိုက်ရသေးတယ်" လို့ ရဲအရာရှိ တဦးက ပြောပါတယ်။ ဖမ်းဆီးရာမှာ အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၂ ဦး တို့ကို ဖမ်းဆည်းခဲ့တာဖြစ်ပြီး အမျိုးသားတဦးက လာရောက်သုံးစွဲသူဖြစ်ပြီး တဦးကတော့ အိန္ဒိယနိုင်ငံ မိုးရေးမြို့က သယ်ဆောင်လာတဲ့ မူးယစ်ဆေးကို လာရောက်ပို့ဆောင်တာ ဖြစ်တယ်လို့ သိရပါတယ်။ မူးယစ်ဆေးဝါးနဲ့အတူ တွေ့ရှိခဲ့သူတွေထဲက အမျိုးသမီး ၂ ဦးကတော့ ၅၅ မိုင်ရွာနေ ဒေါ်သန်းမိ မသီတာညို တို့ဖြစ်ပြီး အမျိုးသား ၂ ဦးကတော့ ဆေးသုံးစွဲဖို့ လာသူ ကလေးမြို့ ချမ်းမြေ့အောင်စည်ရပ်ကွက်နေသူ စိုးနိုင်နဲ့ ပို့ဆောင်လာသူ လားနီအဲငါ ထန်းတပင်ရွာ တမူးမြို့တို့ ဖြစ်ပါတယ်။ မူးယစ်ဆေးဝါး ဖမ်းဆီးမှု အများအပြားဟာ အိန္ဒိယနိုင်ငံ မိုးရေးမြို့က သယ်ဆောင်မှုများသာ အများအပြားတွေ့ရပြီး ကလေးမြို့ မူးယစ်ဖမ်းဆီးမှုမှာ အမျိုးသမီးပါဝင်မှု နှစ်အလိုက် များပြားလာတာကို တွေ့ရပါတယ်။ သတင်း - မင်းရဲစစ်နိုင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024