DVB Logo
Home
မြန်မာသတင်း
ပဒိုမန်း​ငြိမ်း​မောင်အမှု စီရင်ချက်ချရန်နီး​ကပ်
DVB
·
March 4, 2012
ပဒိုမန်း​ငြိမ်း​မောင်အမှု စီရင်ချက်ချရန်နီး​ကပ်
Donate to DVB

အင်း​စိန်​ထောင်မှာ ရုံး​ထုတ်တဲ့​ ​ကေအန်ယူ​ခေါင်း​ဆောင် ပဒိုမန်း​ငြိမ်း​မောင်အမှုကို ကြာသပ​တေး​နေ့​က ရုံး​ထုတ်ရာမှာ လက်ရှိအင်း​စိန်​ထောင်ပိုင်နဲ့​ အငြိမ်း​စား​ယူခဲ့​တဲ့​ ​ထောင်ပိုင်ကို စစ်​ဆေး​တယ်လို့​ ပဒိုမန်း​ငြိမ်း​ရဲ့​ ​ရှေ့​နေဦး​ကြီး​မြင့်​က ​ပြောပါတယ်။

“စစ်တာက​တော့​ ပဒိုမန်း​ငြိမ်း​မောင်ကို လာ​တွေ့​တဲ့​ အရာရှိကြီး​ ၂ ​ယောက်ရဲ့​ မှတ်တမ်း​ကို ကျ​နော်တို့​က ​မေး​တာပါ။ ​မေး​တဲ့​အခါ သူတို့​က ​နေပြည်​တော်က အရာရှိဆိုတဲ့​အမည်နဲ့​ လာပြီး​ ​တွေ့​တာ မရှိပါဘူး​တဲ့​။ ဒါ​ပေမယ့်​ ပဒိုမန်း​ငြိမ်း​မောင်က သူတို့​ဆီကို စက်တင်ဘာ ၃ ရက်​နေ့​ ​ရောက်တယ်။ ၅ ရက်​နေ့​မှာ စရဖ ​ထောက်လှမ်း​ရေး​ကို လွှဲ​ပေး​လိုက်တယ်။ ကြည့်​ရတာ စရဖမှာပဲ ​တွေ့​တယ်လို့​ပဲ ယူဆရတယ်​ပေါ့​။ အဲဒီမှတ်တမ်း​တွေကို စရဖက လာပြီး​ သက်​သေမခံ​တော့​ ကျ​နော်တို့​ တရား​ရုံး​က ​ဖော်မ​ပေး​တဲ့​အခါ ကျ​နော်တို့​ အဲဒါကို​တော့​ မသိရဘူး​ဗျာ။”

ဒီကွဲလွဲချက်နဲ့​ ပတ်သက်လို့​ ပဒိုမန်း​ငြိမ်း​မောင်ကို ​မေး​ရာမှာ စက်တင်ဘာ ၃ ရက်​နေ့​မှာ လာတယ်။ ဗိုလ်မှူး​အဆင့်​ရှိတယ်လို့​ ​ဖြေခဲ့​ပြီး​ ဒါကို ​ထောင်အရာရှိ​တွေက မဟုတ်မှန်​ကြောင်း​ ငြင်း​ဆိုခဲ့​တယ်လို့​ ဆိုပါတယ်။

ပဒိုမန်း​ငြိမ်း​မောင်ကို အစိုး​ရက နိုင်ငံ​တော်ပုန်ကန်မှု၊​ တရား​မဝင် အသင်း​အပင်း​နဲ့​ ဆက်သွယ်မှု ပုဒ်မ​တွေနဲ့​ တရား​စွဲထား​တာ ဖြစ်ပါတယ်။

နောက်တပတ်မှာ ​ကေအန်ယူနဲ့​ အစိုး​ရအကြား​ ငြိမ်း​ချမ်း​ရေး​ အကျိုး​ဆောင်​ပေး​သူ ​တောင်က​လေး​ဆရာ​တော်ကို တရား​ခံသက်​သေအဖြစ် ပင့်​ဆောင်ဖို့​ စီစဉ်ထား​ပြီး​ အစိုး​ရဘက်က​တော့​ မစီစဉ်​ပေး​နိုင်ဘူး​လို့​ ဆိုပါတယ်။

လာမယ့်​အပတ် ရုံး​ထုတ်အပြီး​ ​လျှောက်လဲချက်​ပေး​ပြီး​ရင် အမိန့်​ချမှတ်ဖို့​ပဲ ကျန်​တော့​တယ်လို့​ ​ရှေ့​နေဦး​ကြီး​မြင့်​က ​ပြောဆိုပါတယ်။

ကေအန်ယူ​ခေါင်း​ဆောင် ပဒိုမန်း​ငြိမ်း​မောင်ဟာ ထိုင်း​နိုင်ငံက​နေ တရုတ်နိုင်ငံကို ​လေ​ကြောင်း​ခရီး​နဲ့​ အသွား​မှာ ထိုင်း​နိုင်ငံတွင်း​ ပြည်ဝင်ခွင့်​ ဗီဇာမရလို့​ တရုတ်နိုင်ငံမှာ ​သောင်တင်​နေရာက မြန်မာအာဏာပိုင်​တွေထံ လွှဲ​ပြောင်း​ပေး​ခံရပြီး​ ရုံး​တင်ခံ​နေရတာပါ။

ပြီး​ခဲ့​တဲ့​ သီတင်း​ပတ်တုန်း​က တရား​ခံဘက်က သက်​သေ ၈ ဦး​တင်တဲ့​အနက် ပြည်​ထောင်စုဝန်ကြီး​ ဦး​အောင်မင်း​ အပါအဝင် ၆ ဦး​ကို ပယ်ချခဲ့​ပါတယ်။ ပဒိုမန်း​ငြိမ်း​မောင်ကို ပြန်လည်လွတ်​မြောက်မှာပါလို့​ အစိုး​ရပြည်​ထောင်စု ဝန်ကြီး​တဦး​က ကနဦး​ပိုင်း​က ထုတ်​ပြောထား​ဖူး​ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013