DVB Logo
Home
မြန်မာသတင်း
မြစ်​ခြေမှာ မီတာခပို​ကောက်တာ မ​ကျေနပ်ကြ
DVB
·
March 4, 2012
မြစ်​ခြေမှာ မီတာခပို​ကောက်တာ မ​ကျေနပ်ကြ
Donate to DVB

မ​ကွေး​တိုင်း​ မြစ်​ခြေမြို့​နယ်တွင်း​မှာ လျပ်စစ်မီတာရုံး​က ကျသင့်​တဲ့​မီတာထက် ပိုမို​ကောက်ယူ​နေတယ်လို့​ ​ဒေသခံ​တွေက ​ပြောပါတယ်။ ဒီလို​ကောက်ခံ​နေတာ အနည်း​ဆုံး​ ​လေး​နှစ်​ကျော်ပြီဖြစ်ပြီး​ မ​ပေး​ချင်​တော့​ဘူး​လို့​ ​ပြောပါတယ်။

မြစ်​ခြေမြို့​နယ်အတွင်း​က အိုင်ရှည်၊​ ကိုး​ဆယ့်​သုံး​၊​ သရက်​တော၊​ မြို့​မ၊​ သိမ်​တော်ရွာ၊​ ​ညောင်နီပင်ရွာ၊​ ​ညောင်လှရွာ​တွေမှာ ၂၀၀၇ ခုနှစ်ကတည်း​က ​ကောက်ခံ​နေတာ ဖြစ်ပါတယ်။

မီတာခ ပို​ပေး​နေရတဲ့​ အိုင်ရှည်​ကျေး​ရွာသား​တဦး​ကို ​မေး​ကြည့်​တဲ့​အခါ အမှန်တကယ် မီတာဖတ်တဲ့​ ဂဏန်း​အတိုင်း​ မဟုတ်ဘဲ ကွာခြား​ယူနစ်လို့​ အမည်တပ်ပြီး​ ကနဦး​ကောက်ခံတယ်။ ​နောက်ပိုင်း​မှာ လမ်း​မီး​ဆိုပြီး​ ​ကောက်ခံတယ်။ မ​ပေး​ဘူး​ဆိုလို့​လည်း​ မရဘူး​လို့​ ​ပြောပါတယ်။

မြစ်​ခြေတိုက်နယ်က လျှပ်စစ်မီတာရုံး​မှာ မီတာ​ဆောင်တဲ့​အခါ အပိုက်​ကောက်တဲ့​ ​ငွေအတွက် မ​ပေး​နိုင်ဘူး​လို့​ သူတို့​တင်ပြတဲ့​အခါမှာလည်း​ မရဘဲ ​ကောက်မြဲအတိုင်း​ ​ကောက်​နေတယ်လို့​ ဆိုပါတယ်။

မြစ်​ခြေမြို့​ပေါ်မှာတင် အပိုထည့်​ကောက်တဲ့​ ရပ်ကွက်ရှိသို တိုး​ချဲ့​ ၂ ရပ်ကွက်၊​ ထ​နောင်း​ကုန်း​၊​ မြို့​သစ်၊​ မြို့​မနဲ့​ ဆွဲကြီး​ရပ်ကွက်​တွေက​တော့​ အပိုထည့်​မ​ကောက်ဘူး​လို့​ သူက ​ပြောပါတယ်။

ဒီကိစ္စနဲ့​ ပတ်သက်လို့​ မီတာမြို့​နယ်မှူး​ ဦး​ခင်​မောင်မြင့်​ကို ​မေး​ကြည့်​ရာမှာ ဓာတ်ကြိုး​တွေနဲ့​ တာဝါတိုင်​တွေ ​ဟောင်း​နွမ်း​မှု​ကြောင့်​ ၂၀၀၇ ခုနှစ်ကတည်း​က ​ကောက်ခံတာဖြစ်တယ်လို့​ ​ဖြေပါတယ်။

“သူတို့​ရွာရဲ့​ အဓိက မီတာကို တပ်ထား​တော့​ main မီတာက ယူနစ် တ​သောင်း​ကျော် ကျတယ်ဗျာ။ တ​သောင်း​ကျတယ်ဆိုရင် သူတို့​ရွာမှာ မီတာဖတ်တာ ယူနစ် ၈၀၀၀ ကျတယ်ဆိုရင် ကြား​မှာ ​ပျောက်ဆုံး​မှုတို့​၊​ ကြိုး​တို့​၊​ တိုင်တို့​က အရည်အ​သွေး​မမှီတာနဲ့​ဆို ၂၀၀၀ ​ပျောက်တယ်​ပေါ့​။ အဲဒီ ၂၀၀၀ ကို အရင်တုန်း​က မီး​လင်း​ရေး​ကော်မတီကို ​ကောက်တာ​ပေါ့​။ ​နောက်ပိုင်း​ကျ​တော့​ တဦး​ချင်း​ မီး​သုံး​တာ မတူညီ​တော့​ ရွာမီး​လင်း​ရေး​ကော်မတီက ​ကောက်တဲ့​အခါ မတူညီနိုင်ဘူး​။ ကျ​နော်တို့​က ဌာနက ညွှန်ကြား​ချက်အတိုင်း​ တဦး​ချင်း​အ​ပေါ်မှာ တိုး​ကောက်တာ။ ကျ​နော်တို့​ ဌာနက ချမှတ်ထား​တဲ့​ မူအတိုင်း​ ​ကောက်တာပါ။ ကိုယ်ကြိုး​လည်း​ မပါဘူး​။ ကျ​နော်တို့​ ရှင်း​လို့​လည်း​ ရပါတယ်။”

တာဝါတိုင်နဲ့​ ဓာတ်ကြိုး​တွေ ​ဟောင်း​နွမ်း​ရင် ပြင်မယ့်​အလုပ်ဟာ လျှပ်စစ်ဌာနရဲ့​ အလုပ်ဖြစ်ပြီး​ အရပ်သား​တွေထံက မ​ကောက်ယူသင့်​တဲ့​ဘူး​လို့​ ​ဒေသခံ​တွေက​ပြောဆိုပြီး​ အစိုး​ရဟာ မီတာတလုံး​ကို ထိန်း​သိမ်း​စောင့်​ရှောက်ခ တလ ကျပ်တစ်​ထောင်နှုန်း​ ​ကောက်ခံတာကို ​ထောက်ပြကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013