Home
မြန်မာသတင်း
အင်္ဂပူမြို့နယ်တွင် ရေကြီးကမ်းပြိုသဖြင့် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းများနှင့် အိမ်ခြေ ၁၆၀ ရွှေ့ပြောင်း
DVB
·
July 24, 2017
20294253_464452837281011_368899470925697855_n
20374482_464453007280994_3854019983621155510_n
20293117_464453297280965_3365605833601292521_n
20246102_464452943947667_3438308617068057182_n
20246007_464452880614340_2063483240055500055_n
20245460_464452597281035_6495170484162820901_n
  ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ် စစ်ကျွန်းအုပ်စု သဒ္ဓမကျွန်းမှာ ရေကြီးပြီး မြစ်ကမ်းပြို နေတဲ့အတွက် ဘုန်းတော်ကြီးကျောင်း  ၅ ကျောင်း၊ အလယ်တန်းပြ စာသင်ကျောင်း ၃ ကျောင်းနဲ့ လူနေအိမ် ၁၆၀ ကျော်တို့ကို ရွှေ့ပြောင်း နေကြရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ ရွာခံဦးသန်းထွန်းက “ရေကြီးကမ်းပြိုနေတဲ့အတွက် ကယ်ဆယ်ရေးစခန်း မဖွင့်ရသေးဘဲ ဘုန်းတော်ကြီး ကျောင်းမှာ နေဖို့ဆိုတာကလည်း ဘုန်းကြီးကျောင်းတောင် ကမ်းပြိုတဲ့အထဲကို မပါအောင်ဝိုင်းဝန်းဖျက်ထားရပြီး နေစရာမရှိတဲ့အတွက် ကျန်ရှိနေသေးတဲ့ အိမ်တွေမှာပဲစုပြီး နေနေကြရတယ်”လို့ ပြောပါတယ်။ သဒ္ဓမဝန်သဘုန်းတော်ကြီး ကျောင်းဆရာတော်က “အခုလို ရွှေ့ပြောင်းနေကြရတဲ့ ရွာသူရွာသားတွေအတွက် ကယ်ဆယ်ရေးစခန်းနဲ့ ကျန်းမာရေးစောင့်ရှောက်ရေးအဖွဲ့တွေ လိုအပ်နေတယ်”လို့ ပြောပါတယ်။ သတင်း၊ ဓာတ်ပုံ - ကိုကြက် (ဟင်္သာတ)  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024