Thursday, June 8, 2023
ကေအန်ယူနှင့်​ အစိုး​ရအဖွဲ့​ကိုယ်စား​လှယ် မဲ​ဆောက်မြို့​တွင် ​တွေ့​ဆုံ
ကေအန်ယူ ကရင်အမျိုး​သား​အစည်း​အရုံး​က တာဝန်ရှိသူ​တွေနဲ့​ ရထား​ဝန်ကြီး​ ဦး​အောင်မင်း​ ​ခေါင်း​ဆောင်တဲ့​ အစိုး​ရငြိမ်း​ချမ်း​ရေး​ဖော်​ဆောင်​ရေး​ အဖွဲ့​တို့​ဟာ ထိုင်း​နိုင်ငံ၊​ မဲ​ဆောက်မြို့​မှာ မတ်လ ၂ ရက်က ​တွေ့​ဆုံခဲ့​ကြပြီး​၊​ အပစ်ရပ်​ရေး​ အပြီး​သတ် လက်မှတ်​ရေး​ထိုး​နိုင်ဖို့​ အကြိုညှိနှိုင်း​ ​ဆွေး​နွေး​ခဲ့​ကြပါတယ်။
အဓိကအား​ဖြင့်​တော့​ ​ကေအန်ယူတပ်​တွေနဲ့​ ထိစပ်​နေတဲ့​ အစိုး​ရတပ်​တွေကြား​ အ​နေအထား​ကို ​ဆွေး​နွေး​ကြတာလို့​ ငြိမ်း​ချမ်း​ရေး​ အကျိုး​ဆောင် တဦး​ဖြစ်တဲ့​ ကိုညိုအုန်း​မြင့်​က ​ပြောပါတယ်။ ပြည်​ထောင်စုငြိမ်း​ချမ်း​ရေး​ ​ဆွေး​နွေး​ဖို့​ကို လာမယ့်​ဧပြီလ ပထမပတ်ထဲ ပြုလုပ်သွား​ဖို့​ ရှိတယ်လို့​ သိရပါတယ်။
အဲ့​ဒီလို ​ဆွေး​နွေး​ကြတဲ့​အခါ ထာဝရငြိမ်း​ချမ်း​ရေး​ ​ဖော်​ဆောင်နိုင်မယ့်​ အ​နေအထား​ရှိလား​လို့​ ကိုညိုအုန်း​မြင့်​ကို ​မေး​ကြည့်​တော့
“ဧပြီလဆန်း​မှာ ​ဆွေး​နွေး​မှာက ပြည်​ထောင့်​စုအဆင့်​လို့​ ကျ​နော်နား​လည်ပါတယ်။ အဲဒီ ပြည်​ထောင်စုအဆင့်​မှာ​တော့​ နိုင်ငံ​ရေး​ အပါအဝင် စစ်​ရေး​၊​ တပ်​တွေခွဲခြား​ရေး​၊​ ​ဒေသတွင်း​တည်ငြိမ်း​ရေး​ကို နှစ်ဖက်စလုံး​ ​ဆောင်ရွက်မယ် ဆိုတဲ့​အချက်ကို အဓိက ​ဆွေး​နွေး​မယ်လို့​ ကျ​နော်ယုံကြည်ပါတယ်။ ဘာဖြစ်လို့​လဲဆို​တော့​ ​ကေအန်ယူနဲ့​ အစိုး​ရကြား​မှာ ဖြစ်ပွား​နေတဲ့​ ပြည်တွင်း​စစ် ပဋိပက္ခက နှစ် ၆၀ ​ကျော်ပါပြီ။ အဲဒီအတွက် ဒီကိစ္စက​တော့​ ​နေ့​ချင်း​ညချင်း​တော့​ ပြီး​ပြတ်မယ်လို့​တော့​ ကျ​နော် မထင်ပါဘူး​။ အဲဒီအတွက် တဖက်နဲ့​ တဖက် ယုံကြည်မှု တည်​ဆောက်ပြီး​တဲ့​အခါမှာ အပြန်အလှန် ကူး​လူး​ပြီး​ ငြိမ်း​ချမ်း​ရေး​ တည်​ဆောက်ဖို့​က​တော့​ အလား​အလာ ရှိတယ်လို့​ ကျ​နော် ထင်ပါတယ်ခင်ဗျ။”
မတ်လ ၂ ရက်က ​ဆွေး​နွေး​ပွဲမှာ ​ကေအန်ယူဘက်က အ​ထွေ​ထွေအတွင်း​ရေး​မှူး​ ​နော်စီဖိုး​ရာစိန်နဲ့​ ၅ ဦး​၊​ ဦး​အောင်မင်း​နဲ့​အတူ အဖွဲ့​ဝင် ၃ ဦး​တို့​ ပါဝင်​ဆွေး​နွေး​ခဲ့​ကြပြီး​၊​ ​ကေအန်ယူနဲ့​ ပြည်​ထောင်စုအဆင့်​ ငြိမ်း​ချမ်း​ရေး​ ​ဖော်​ဆောင်​ရေး​အဖွဲ့​တို့​ဟာ ပြီး​ခဲ့​တဲ့​ ဇန်နဝါရီလထဲ ကရင်ပြည်နယ် ဘား​အံမြို့​မှာ ပဏာမ ​ဆွေး​နွေး​ခဲ့​ကြပါ​သေး​တယ်။
RELATED ARTICLES
- Advertisment -
Google search engine
Most Popular