Home
မြန်မာသတင်း
အိမ်အကူမိန်းကလေးကို ညှဉ်းပန်းနှိပ်စက်မှု ဒဂုံဆိပ်ကမ်းတရားရုံးစတင်စစ်ဆေး
အာကာ
·
July 24, 2017
  ရန်ကုန် ဒဂုံဆိပ်ကမ်းမြို့နယ် ယုဇနဥယျာဉ်မြို့တော်မှာဖြစ်ပွားခဲ့တဲ့ အိမ်အကူမိန်းကလေးကို ရေနွေးပူ လောင်း၊ မီးပူနဲ့ ကပ်ပြီး ညှဉ်းပန်းနှိပ်စက်ခဲ့တယ်ဆိုတဲ့ အမှုကို ဒီနေ့ ဒဂုံဆိပ်ကမ်းတရားရုံးမှာ တရားလိုသက်သေကို စတင်စစ်ဆေးပါတယ်။ တရားလိုသက်သေအနေနဲ့ အမှုဖွင့်တိုင်ကြားသူ ဒဂုံဆိပ်ကမ်းမြို့ နယ်၊ ယုဇနဥယျာဉ်မြို့ တော် ၆ လမ်းအေလမ်းမှူး ဦးမျိုးတင့်နိုင်ကို စစ်ဆေးခဲ့တာပါ။ အသက် ၁၃ နှစ်အရွယ် အိမ်အကူမိန်းကလေး မခိုင်နှင်းဝေ ကို ညှဉ်းပန်းနှိပ်စက်ခဲ့တဲ့တယ်လို့ စွပ်စွဲခံရတဲ့ လင်မယား ၂ ယောက်ကို ဇွန် ၄ ရက်က ဒဂုံဆိပ်ကမ်းရဲစခန်းမှာ အမှုဖွင့်ထားတာပါ။ သူတို့ကို မူလက အပြင်းအထန် နာကျင်စေမှု ပုဒ်မ ၃၂၆ နဲ့ အမှုဖွင့်ခဲ့တာဖြစ်ပြီး ဇူလိုင် ၃ ရက်နေ့က တရားရုံးတင်ချိန်မှာတော့ သာမန်နာကျင်စေမှု ပုဒ်မ ၃၂၄ကို ပြောင်းလဲလိုက်ပြီး အာမခံပေးလိုက်ပါတယ်။ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရတဲ့ အိမ်အကူ မိန်းမလေး မခိုင်နှင်းဝေဟာ ဆေးရုံမှာ ၁၂ရက် ကြာ ဆေးကုသမှု ခံယူခဲ့ရပါတယ်။ လက်ရှိမှာ မခိုင်နှင်းဝေကို လူမှုဝန်ထမ်းဦးစီးဌာနက ခေါ်ယူစောင့်ရှောက်ထားပြီး သူ့ရဲ့ အဖွားက အုပ်ထိန်းခွင့် ပြန်ရဖို့ ဒဂုံဆိပ်ကမ်းတရားရုံးနဲ့ ရဲစခန်းမှာ တင်ပြထားတယ်လို့ စွပ်စွဲခံရသူရဲ့ ရှေ့နေ တရားလွှတ်တော်ရှေ့နေ ဦးအုန်းမြင့်က ပြောပါတယ်။ ဒီအမှုကို သြဂုတ်လ ၈ ရက်နေ့ မနက် ၁၀ ကို ရုံးချိန်းချိန်းဆိုထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024