DVB Logo
Home
မြန်မာသတင်း
ကော့​သောင်း​က ​ကျောက်မီး​သွေး​ဓာတ်အား​ပေး​စက်ရုံ ကန့်​ကွက်ခံ​နေရ
DVB
·
March 4, 2012
ကော့​သောင်း​က ​ကျောက်မီး​သွေး​ဓာတ်အား​ပေး​စက်ရုံ ကန့်​ကွက်ခံ​နေရ
Donate to DVB

တနင်္သာရီတိုင်း​ ​ကော့​သောင်း​မြို့​က လူ​နေရပ်ကွက်နှစ်ခုအကြား​က (ရှစ်) မီဂါဝပ် ​ကျောက်မီး​သွေး​ ဓာတ်အား​ပေး​စက်ရုံ လည်ပတ်မယ့်​အ​ရေး​ကို ​ဒေသခံ​တွေ စိုး​ရိမ်ထိတ်လန့်​နေကြပါတယ်။

[caption id="attachment_22020" align="alignleft" width="300" caption="​ကော့သောင်းက ကျောက်မီးသွေးဓာတ်အားပေးစက်ရုံ "][/caption]

လျှပ်စစ်ထုတ်လုပ်မယ့်​ ဒီစက်ရုံဟာ ကိုး​ဆယ်ရာခိုင်နှုန်း​လောက် ပြီး​စီး​နေပြီး​ သန်း​ဖြိုး​သူကုမ္ပဏီက ပိုင်ပြီး​ ဒီလဆန်း​ ၁ ရက်​နေ့​မှာ လျှပ်စစ်ဖြန့်​ဖြူး​မယ့်​အ​ကြောင်း​ ရပ်ကွက်​နေ ပြည်သူ​တွေကို စက်ရုံမန်​နေဂျာနဲ့​ ရပ်​ကျေး​အုပ်ချုပ်​ရေး​မှူး​တွေ လိုက်လံ ရှင်း​လင်း​ခဲ့​ပါတယ်။

ဒီရှင်း​လင်း​ပွဲ​တွေမှာ ဘုရင့်​နောင်ရပ်ကွက်နဲ့​ အဏ္ဏဝါရပ်ကွက်​တွေမှာ ဆန့်​ကျင်မှု​တွေ ကြုံခဲ့​ရတယ်လို့​ ဆိုပါတယ်။

ကျောက်မီး​သွေး​ ဓာတ်အား​ပေး​ စက်ရုံ​တွေက ​ဘေး​ထွက်ဆိုး​ကျိုး​တွေ​ကြောင့်​ လူ​နေရပ်ကွက်တွင်း​ လည်ပတ်မှာကို စိုး​ရိမ်တာပါလို့​ မြို့​ခံတဦး​က ​ပြောပါတယ်။

“​ကျောက်မီး​သွေး​စက်ရုံက ဒီမှာ မတပ်ဆင်ခင် ထိုင်း​နိုင်ငံမှာ ပကျွတ်မှာ တပ်ဆင်ထား​တဲ့​ စက်လို့​သိရတယ်ဗျ။ ထိုင်း​နိုင်ငံမှာ ဆန္ဒပြလိုက်တဲ့​အတွက် စက်ရုံကို ရပ်နား​လိုက်ရပြီး​ အဲဒီကစက်ကို ဒီ​ကော့​သောင်း​ကို ယူပြီး​ တပ်ဆင်ထား​တဲ့​စက်လို့​ ​တော်​တော်များ​များ​ မြို့​ခံ​တွေက သိ​နေ​တော့​ ဒီအ​ပေါ်မှာလည်း​ သူတို့​ စိုး​ရိမ်ကြတာ​ပေါ့​။ အခု မီဒီယာ​တွေမှာ ပါတာက ​ကျောက်မီး​သွေး​ စက်ရုံရဲ့​ သုံး​စွဲပြီး​ ထွက်လာမယ့်​ ကာဗွန်ဒိုင်​အောက်ဆိုက်တို့​ ​ဘေး​ထွက်ဆိုး​ကျိုး​တွေကို ​တော်​တော်များ​များ​က စိုး​ရိမ်စိတ်​တွေ ဖြစ်ကြတာပါ။”

အဲဒီစက်ရုံဟာ ​အေး​ရိပ်ငြိမ်ရပ်ကွက်နဲ့​ ​ရွှေပြည်သာရပ်ကွက်​နေ ပြည်သူ​တွေ လက်ခံမှ ဝန်ကြီး​ဌာနက ဖြန့်​ဖြူး​ခွင့်​ရမယ့်​ အ​ခြေအ​နေ ဖြစ်တယ်လို့​ ဆိုပါတယ်။

အဲဒီအစည်း​အ​ဝေး​ကို တက်ခဲ့​တဲ့​ ​ရွှေပြည်သာရပ်ကွက်သား​ ကိုတိုး​တိုး​က သူ့​အိမ်ဟာ စက်ရုံနဲ့​ ​ပေ ၁၅၀ အကွာမှာပဲရှိပြီး​ ​ဘေး​ထွက်ဆိုး​ကျိုး​တွေ ဖြစ်လာမှာ၊​ အ​ရေပြား​ယား​ယံမှု​တွေ ဖြစ်လာမှာကို စိုး​ရိမ်တဲ့​အ​ကြောင်း​ စက်ရုံတာဝန်ရှိသူ​တွေနဲ့​ ​တွေ့​တုန်း​ ​မေး​ခဲ့​ပါတယ်။

ကိုတိုး​က ဒီစက်ကို တရုတ်ကဝယ်တယ်လို့​ ​ပြော​ပေမယ့်​ ဂျာနယ်​တွေမှာ ထိုင်း​နိုင်ငံ ပကျွတ်ခရိုင်က ဆန္ဒပြလို့​ မတည်တဲ့​စက်ကို ဝယ်တာမဟုတ်လား​လို့​ ​မေး​တဲ့​အ​ပေါ် ဂျာနယ်ပါ အ​ကြောင်း​အရာ​တွေဟာ ဗဟုသုတအတွက် သုံး​သင့်​သလို တချို့​ကို မသုံး​သင့်​ဘူး​လို့​ ​ဖြေဆိုတယ်လို့​ သူကပြန်​ပြောပြပါတယ်။

စက်ရုံတာဝန်ရှိသူ​တွေက ဝန်ကြီး​ဌာနထံက ခွင့်​ပြုချက်ရပြီး​ပြီလား​ ဆိုတဲ့​မေး​ခွန်း​နဲ့​ ​ဘေး​ထွက်ဆိုး​ကျိုး​တွေ မရှိဘူး​ဆိုရင် အာမခံသလား​ဆိုတဲ့​ ​မေး​ခွန်း​ ၂ ခုကို​တော့​ မ​ဖြေဘူး​လို့​ ကိုတိုး​တိုး​က ​ဖြေဆိုပါတယ်။

ဒါ​ပေမယ့်​ စက်ရုံတာဝန်ရှိသူနဲ့​ အုပ်ချုပ်​ရေး​မှူး​တွေဟာ ရပ်ကွက်​တွေမှာ မီတာတယူနစ်ကို ကျပ်​ငွေ ၂၀၀ နဲ့​ ဖြန့်​မှာဖြစ်ပြီး​ မီတာတပ်ဆင်ခ ကျပ်​ငွေ (တသိန်း​ခွဲ) နှုန်း​နဲ့​ စာရင်း​လိုက်​ကောက်​နေပါတယ်။

ကျောက်မီး​သွေး​စက်ရုံနဲ့​ ​ရေနံဓာတုစက်ရုံ အမျိုး​အစား​တွေဟာ ​လေထုကို ညစ်ညမ်း​စေတာ​ကြောင့်​ စက်ရုံ​တွေကို အများ​ပြည်သူ​နေထိုင်တဲ့​ ​နေရာ​တွေနဲ့​ ​ဝေး​ဝေး​မှာ လုပ်ကိုင်​စေရတဲ့​ အမျိုး​အစား​တွေ ဖြစ်ပါတယ်။

လွန်ခဲ့​တဲ့​နှစ်ပိုင်း​က​တော့​ ထိုင်း​နိုင်ငံ​တောင်ပိုင်း​မှာ ဒီစက်ရုံအမျိုး​အစား​တွေကို လူထုက ဆန္ဒပြခဲ့​ကြတဲ့​အတွက် ရပ်နား​ခဲ့​ကြရဖူး​ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013