A d v e r t i s e m e n t With Us
မန္တ​လေး​မှာ ​ဒေါ်​အောင်ဆန်း​စုကြည်ကို လူထု သိန်း​နဲ့​ချီ ကြိုဆို
အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ဥက္ကဋ္ဌ ​ဒေါ်​အောင်ဆန်း​စုကြည်က “ဒီ​လောက်ကြီး​ကျယ်ပြီး​ ထုထယ်များ​ပြား​တဲ့​ ပရိသတ်ကို ၁၉၈၈ ခုနှစ်​နောက်ပိုင်း​မှာ ပထမဆုံး​ကြုံ​တွေ့​လိုက်ရတဲ့​ အ​ကြောင်း​နဲ့​ ဒီအင်အား​တွေကို နိုင်ငံအတွက် မှန်မှန်ကန်ကန် အသုံး​ချကြပါ”လို့​ သိန်း​နဲ့​ချီပြီး​ နား​ထောင်​နေတဲ့​ မန္တ​လေး​ပရိသတ်ကြီး​ကို ဒီက​နေ့​ ​ပြောဆိုလိုက်ပါတယ်။ “အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က လာမယ့်​ ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ ​အောင်မြင်ဖို့​ ပြည်သူ​တွေရဲ့​ အကျိုး​ကို ထမ်း​ဆောင်ဖို့​အတွက် ကူညီ​ပေး​ကြပါလို့​ ကျမ​တောင်း​ဆိုချင်ပါတယ်။” ​ဒေါ်​အောင်ဆန်း​စုကြည်က မန္တ​လေး​ ​အောင်ပင်လယ်ကွင်း​က စင်မြင်မှာ မိုး​ရွာ​နေတဲ့​ကြား​က ​ဟော​ပြောခဲ့​တာပါ။ ​ဒေါ်​အောင်ဆန်း​စုကြည်ဟာ ငါး​နာရီကြာကား​စီး​ပြီး​ မိုး​ရေထဲမှာ ခရီး​ပန်း​တာ​ကြောင့်​ ​ခေါင်း​မူး​ပြီး​ ​ခေတ္တ​ဟော​ပြောမှုကို ရပ်ဆိုင်း​ခဲ့​ရပါတယ်။ ပါတီနာယကအဖွဲ့​ဝင် ဦး​ဝင်း​တင်က ​ခေတ္တအစား​ထိုး​ ​ဟော​ပြောခဲ့​ပါတယ်။ ဒီ​နောက်မှာ ​ဒေါ်​အောင်ဆန်း​စုကြည်က ထပ်မံ ​ဟော​ပြောခဲ့​ပါတယ်။ မနက် ၈ နာရီ ၂၀ မိနစ်မှာ ရန်ကုန်က​နေ တံတား​ဦး​လေဆိပ်ကို ​ရောက်ရှိလာတဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်ဟာ ​လေဆိပ်က​နေ ​ဟော​ပြောပွဲစင်မြင်ရှိရာ ​အောင်ပင်လယ်ကွင်း​ကို ယာဉ်တန်း​နဲ့​အသွား​ ​ထောင်​ပေါင်း​များ​စွာ​သော ပြည်သူ​တွေက အဖွဲ့​ချုပ်အလံ​တွေ၊​ နဖူး​စည်း​တွေ၊​ ပင်နီအင်္ကျီ​တွေ ဝတ်ဆင်ကြိုဆိုခဲ့​ကြပါတယ်။ ကြိုဆိုသူများ​လွန်း​တာ​ကြောင့်​ ယာဉ်တန်း​နှေး​နေရသလို မိုး​ကလည်း​ တဖွဲဖွဲရွာသွန်း​တာ​ကြောင့်​ တနာရီ​ကျော် ​မောင်း​နှင်ရတဲ့​ ခရီး​ကို ငါး​နာရီကြာ ​မောင်း​နှင်ခဲ့​ရပါတယ်။ မနက် ၅ နာရီ​ကျော်ကတည်း​က ​ရွှေ​ရောင်ခွပ်​ဒေါင်း​ကြယ်ဖြူတံဆိပ်ပါ ယာဉ်နဲ့​အတူ တခမ်း​တနား​ သွား​ရောက်ပြီး​ ​လေဆိပ်မှာ ရာ​ပေါင်း​များ​စွာ​သောလူ​တွေနဲ့​ ယာဉ်တန်း​တွေ ​စောင့်​ဆိုင်း​ ကြိုဆိုခဲ့​ကြပါတယ်။ ​ဒေါ်​အောင်ဆန်း​စုကြည် လာမယ်ဆိုတဲ့​အတွက် လူတသိန်း​ဆံ့​တဲ့​ ကွင်း​ကို အ​ချောသတ်ပြုပြင်မွမ်း​မံထား​သလို သူ့​ရဲ့​လုံခြံ​ရေး​အတွက် လုံခြုံ​ရေး​အင်အား​ သုံး​ထောင်ခန့်​ စီစဉ်ထား​တယ်လို့​ သိရပါတယ်။ ​ဒေါ်​အောင်ဆန်း​စုကြည်ကို ကြိုဆိုတဲ့​ အသက် ​လေး​ဆယ့်​ငါး​ခန့်​အရွယ် ​ကျောင်း​ဆရာတဦး​က “ကျ​နော်မြင်တာက​တော့​ အများ​စုက မကြာခင်မှာ တိုင်း​ပြည်မှာ အ​ပြောင်း​အလဲ ဖြစ်​တော့​မယ်။ သူတို့​ ကြုံ​တွေ့​နေရတဲ့​ အခက်အခဲကို ဒီအမျိုး​သမီး​က လိုက်ပြီး​တော့​ ​ရွေး​ကောက်ပွဲမှာ အနိုင်ရရင် ဒါ​တွေ ​ပြေလည်သွား​လိမ့်​မယ်လို့​ ​မျှော်လင့်​ချက်နဲ့​လို့​ ​ပြောလို့​ရတယ်။ ​နောက်တခုက သူ့​ကို ချစ်ခင်​လေး​စား​လို့​ ဒီလို ကြိုကြတာလည်း​ ပါပါတယ်။” လမ်း​န​ဘေး​မှာ ကြိုဆို​နေသူ​တွေထဲက အသက် ၇၃ နှစ်အရွယ် အဘိုး​အိုတဦး​က “​ခေါင်း​ဆောင်မှုအ​နေနဲ့​လည်း​ ​ကောင်း​ပါတယ်။ နှလုံး​ရည်လည်း​ ​ကောင်း​တယ်။ သည်း​ခံစိတ်လည်း​ရှိတယ်။ အဲဒါ​ကြောင့်​မို့​ ကျ​နော် ကြိုဆိုတာပါ။ ဗိုလ်ချုပ်​အောင်ဆန်း​လည်း​ ကျ​နော်တို့​က မမှီခဲ့​ဘူး​။ သူ့​အသံကြား​ရ​တော့​ သူ့​ရဲ့​ မိဘအတိုင်း​ လိုက်နာတယ်။ တိုင်း​ပြည်အကျိုး​ကို အများ​အတွက် သယ်ပိုး​တာ၊​ ဦး​ဆောင်တာ​တွေ​ပေါ့​။” ​အောင်ပင်လယ်ကွင်း​ထဲမှာ ​ဟော​ပြောမှုကို မိနစ် ၂၀ ခန့်​သာ ပြုလုပ်ခဲ့​ပြီး​ ​ဒေါ်​အောင်ဆန်း​စုကြည်ဟာ ဟိုတယ်မှာ အနား​ယူပါတယ်။ ​ဒေါ်​အောင်ဆန်း​စုကြည်ဟာ မနက်ဖန်ကျရင် စစ်ကိုင်း​နဲ့​ ငါး​ရက်​နေ့​မှာ မန္တ​လေး​တိုင်း​ အတွင်း​က တံတား​ဦး​၊​ နွား​ထိုး​ကြီး​၊​ မိထ္ထီလာမြို့​တွေကို ခရီး​စဉ်စီစဉ်ထား​သလို ၆ ရက်​နေ့​မှာ ​နေပြည်​တော် ​လေး​မြို့​နယ်မှာ မဲဆွယ်စည်း​ရုံး​ရေး​ လုပ်​ဆောင်ဖို့​ စီစဉ်ထား​ပါတယ်။
A d v e r t i s e m e n t With Us
More News
Up