Friday, June 9, 2023
HomeLead Storyလိုက်ဇစ်ကွင်းလယ်လူ ကီတာကို လီဗာပူး ခေါ်ယူရန် ပြင်ဆင်

လိုက်ဇစ်ကွင်းလယ်လူ ကီတာကို လီဗာပူး ခေါ်ယူရန် ပြင်ဆင်

လီဗာပူးအသင်းဟာ ဂျာမန်ကလပ် လိုက်ဇစ်အသင်း ကွင်းလယ်လူ ကီတာကို တတိယအကြိမ်မြောက် ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။

လီဗာပူးနည်းပြ ဂျာဂန်ကလော့ဟာ ကွင်းလယ်နေရာအတွက် နာဘိုင်ကီတာကို ခေါ်ယူဖို့ စိတ်အားထက်သန်တာပါ။

ဒုတိယအကြိမ် ကမ်းလှမ်းတုန်းက ပေါင် ၆၆ သန်းခန့်အထိ ရှိပေမယ့် လိုက်ဇစ်အသင်းဘက်က ပယ်ချလိုက်တာပါ။

ဒါပေမယ့် ပြောင်းရွှေ့ကြေး ပေါင် ၆၆ သန်းထက်ပိုပေးပြီး တတိယအကြိမ်မြောက် ကမ်းလှမ်းဖို့ လီဗာပူးအသင်းက အဆင်သင့်ဖြစ်နေပါတယ်။

အသက် ၂၂ နှစ်ရှိ ဂီနီကွင်းလယ်ကစားသမား ကီတာဟာ ပြီးခဲ့တဲ့ရာသီက ဘွန်ဒက်စ်လီဂါမှာ လိုက်ဇစ်အသင်း ဒုတိယနေရာရရှိအောင် ခြေစွမ်းပြခဲ့သူ ဖြစ်ပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular