Home
မြန်မာသတင်း
အနံ့ဆိုးထွက်သည့် ပုစွန်မှုန့်သိုလှောင်ရုံကို တရားစွဲပြီး ပိုင်ရှင်အား ထောင် ၂ လ ချမှတ်
DVB
·
July 20, 2017
တနင်္သာရီတိုင်း မြိတ်မြို့ရှိ အနံ့ဆိုးထွက်တဲ့ ပုစွန်မှုန့်သိုလှောင်ရုံကို  မြိတ်စည်ပင်က တရားစွဲပြီး ပိုင်ရှင်ဖြစ်သူကို ထောင် ၂ လ ချမှတ်ခဲ့ပါတယ်။ မြိတ်မြို့၊ ကန်ဖျားနယ်မြေ၊ ဗိုလ်ဗထူးလမ်းက လူနေရပ်ကွက်အတွင်းသိုလှောင်ထားတဲ့ ပုစွန်မှုန့်ဂိုဒေါင်ကို ဒေသခံတွေက နေရာ ပြောင်းရွှေ့ပေးဖို့ တင်ပြထားသလို စည်ပင်နဲ့ သက်ဆိုရာဌာနတွေက နေရာရွှေ့ပြောင်းပေးဖို့ စီစဉ်ပေးမှာဖြစ်သလို အဆောက်အအုံဆောက် လုပ်ခွင့်ကိုလည်း ခွင့်ပြုပေးမယ်လို့ ပြောကြားခဲ့တယ်လို့ သိရပါတယ်။ သို့ရာတွင် အဆိုပါသိုလှောင်ရုံမှာ မလိုက်နာတဲ့အပြင် ပုစွန်မှုန့်အိတ်ရေ သိန်းနှင့်ချီပြီး ထပ်မံသို လှောင်လာတဲ့အတွက် စည်ပင်သာယာရေးက တရားစွဲလိုက်တာဖြစ်တယ်လို့ မြိတ်မြို့နယ်စည်ပင် သာယာရေးကော်မတီဥက္ကဋ္ဌ ဖြစ်သူ ဦးမြတ်ကိုကိုက ပြောပါတယ်။ “ဒီသိုလှောင်ရုံကနေ အနံ့တွေဆိုးဆိုးရွာရွားထွက် နေလို့ ကျနော်တို့ လွှတ်တော် ကိုယ်စားလှယ်၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ဒေသခံများကိုခေါ်ယူပြီး ရှေ့မှောက်မှာ ခံဝန်လက်မှတ်ထိုးခိုင်းပြီးနောက်ထပ် ဒီလိုအနံ့ဆိုမထွက်အောင် ထပ်မံမသိုလှောင်ဖို့ နေရာ ပြောင်းရွေ့ဖို့ သတိပေးခဲ့တယ်။ ဒါပေမယ့် မလိုက်နာတဲ့အပြင် အိတ်ရေ ၂ သောင်းကနေ တသိန်းကျော်အထိ ထပ်သိုလှောင်လာတဲ့အပြင် ဂိုဒေါင်တွေပါထပ်တိုးချဲ့လာတယ် ကျနော်တို့ အချိန် ၄ လ၊ နောက်ထပ် ၃ လ စသဖြင့်အမျိုးမျိုးပေးခဲ့တယ်။ လုံးဝမလိုက်နာဘူး။ ဒါကြောင့် တရားစွဲလိုက်တာပါ” စည်ပင်သာယာရေး အတွင်းရေးမှူးက တရားရုံးကို ဦးတိုက်လျောက်ခဲ့တာဖြစ်ပြီး မြို့နယ်တရားသူကြီးက ထောင်ဒဏ် ၂ လ ကို ပြီးခဲ့သည့် ဇွန်လ ၂၃ ရက်နေ့က အပြီးသတ်အမိန့် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ “စည်ပင်က တရားစွဲဆိုတာကို ကျနော်တို့ သွားရောက်စစ်ဆေးတော့ လိုက်နာထားခြင်းမရှိ တာ တွေ့ရတယ်။ ဒါကြောင့် ဥပဒေပုဒ်မ-၆၃ (ခ)ကိုချိုးဖောက် တဲ့အတွက် ဥပဒေ အတိုင်းအမိန့်ချလိုက်တာဖြစ်ပါတယ်” လို့ မြို့နယ်တရားသူကြီးဦးမျိုးဝင်းက ပြောကြားခဲ့ပါတယ်။ မြိတ်မြို့မှာရှိတဲ့ အဆိုပါပုစွန်မှုန့် သိုလှောင်ရုံအပြင် ငါးအမှုန့်ကြိတ်စက်ရုံများ၊ တခြားအနံ့ဆိုးရွားစွာထွက်ရှိနေတဲ့ သိုလှောင်ရုံနဲ့ စက်ရုံတွေကိုလည်း ပြည်သူ လူထုက တင်ပြလာပါက တရားစွဲဆိုပေးသွားမယ်လို့ စည်ပင်သာယာရေးက ဆိုပါတယ်။ မြတ်ထွဋ် (မြိတ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024