DVB Logo
Home
မြန်မာသတင်း
အန်အယ်လ်ဒီ အမတ်​လောင်း​တဦး​ကို ​ကော်မရှင်က ပယ်ဖျက်
DVB
·
March 1, 2012
Donate to DVB

ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ စစ်ကိုင်း​တိုင်း​ ကသာခရိုင်က ဝင်အ​ရွေး​ခံမယ့်​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ကိုယ်စား​ပြုစာရင်း​သွင်း​သူ ဦး​စောလှိုင်ကို ​ရွေး​ကောက်ပွဲ​ကော်မရှင်က ကိုယ်စား​လှယ် အမည်pာရင်း​က ပယ်ဖျက်ပြီး​ ဖြစ်တဲ့​အ​ကြောင်း​ ဒီ​နေ့​ အ​ကြောင်း​ကြား​ပါတယ်။

ဦး​စောလှိုင်ဟာ အမျိုး​သား​လွှတ်​တော် အမှတ် ၇ မဲဆန္ဒနယ်ဖြစ်တဲ့​ စစ်ကိုင်း​တိုင်း​ ​ကောလင်း​၊​ ဝန်း​သို၊​ ပင်လယ်ဘူး​၊​ ဗန်း​မောက်မြို့​နယ် ၄ ခုကို ကိုယ်စား​ပြုပြီး​ ဝင်ပြိုင်ဖို့​ စီစဉ်ထား​တာပါ။

ရွေး​ကောက်ပွဲမှာ ဦး​စောလှိုင်ရဲ့​ ကိုယ်စား​လှယ်အဖြစ် ခန့်​ထား​တဲ့​ ဦး​မြင့်​ကြည်က “ဒီ​နေ့​မနက် ၁၀ နာရီ ၂၅ မိနစ်​လောက်မှာ ကသာခရိုင် ​ကော်မရှင်အဖွဲ့​ခွဲကို သွား​ပြီး​တော့​မှ အကျိုး​အ​ကြောင်း​ စုံစမ်း​ပါတယ်။ ခရိုင်​ကော်မရှင် အဖွဲ့​ခွဲ ဥက္ကဋ္ဌနဲ့​ ​တွေ့​ပါတယ်။ သူ့​ပြောကြား​ချက်အရ ဦး​စောလှိုင်ကို ပယ်လိုက်ပါပြီ။ သူသွင်း​ထား​တဲ့​ ​ရွေး​ကောက်ပွဲ ဝင်​ကြေး​ ၅ သိန်း​ကိုလည်း​ ပြန်ထုတ်​ပေး​မှာပါလို့​ ​ပြောပါတယ်။ တရား​ဝင် အ​ကြောင်း​ကြား​ဖို့​ ​မေး​မြန်း​ကြည့်​တော့​ ဒီ​နေ့​မနက်မှ တိုင်း​ဒေသကြီး​ ​ကော်မရှင်အဖွဲ့​ခွဲက​နေ ဖုန်း​နဲ့​ ဝင်လာပြီး​ အ​ကြောင်း​ကြား​တာ ဖြစ်ပါတယ်။ မတ်လ ၅ ရက်​နေ့​ တနင်္လာ​နေ့​ အ​စောဆုံး​ထား​ပြီး​ စာနဲ့​တကွ ပြန်ကြား​ပေး​ပါမယ်လို့​ ​ပြောပါတယ်။”

အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က လစ်လပ်​နေရာ ၄၈ ​နေရာစလုံး​ ပြိုင်ဖို့​ ကြိုး​ပမ်း​နေတာဖြစ်ပြီး​ အတည်ဖြစ်ရင် ၁ ဦး​လျော့​နည်း​သွား​မှာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့​ပတ်သက်လို့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ​ရွေး​ကောက်ပွဲ ​အောင်နိုင်​ရေး​ ​ကော်မတီဝင် ဦး​ဥာဏ်ဝင်း​က နိုင်ငံသား​ဖြစ်မှုနဲ့​ ဆက်စပ်တယ်လို့​ ကြား​သိထား​ရတယ်လို့​ ​ပြောပါတယ်။

“သူတို့​ရွေး​ကောက်ပွဲ ဥပ​ဒေမှာ ကိုယ်စား​လှယ်​လောင်း​ ၁ ဦး​ဟာ ​မွေး​ဖွား​တဲ့​ အချိန်မှာ မိမိနှင့်​ တကွ မိဘနှစ်ပါး​အပါအဝင် အား​လုံး​ ၃ ဦး​ နိုင်ငံသား​ဖြစ်ရမယ်ဆိုပြီး​ ပြဌာန်း​ထား​တယ်။ အဲဒါနဲ့​ ငြိစွန်း​တယ်လို့​ ယူဆရပါတယ်။”

ဦး​စောလှိုင်ဟာ အခုအချိန်မှာ အိန္ဒိယနိုင်ငံကို ​ရောက်ရှိ​နေပြီး​ ​ဆေး​ဝါး​ကုသမှု ခံယူ​နေတယ်လို့​ သူ့​ရဲ့​ ကိုယ်စား​လှယ် ဦး​မြင့်​ကြည်က ​ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013