DVB Logo
Home
မြန်မာသတင်း
ကျပ်ငါး​ထောင်တန်ဖုန်း​ သုံး​စွဲနိုင်​ရေး​ ကြိုး​ပမ်း​မည်ဟု သမ္မတ ကတိပြု
DVB
·
March 1, 2012
ကျပ်ငါး​ထောင်တန်ဖုန်း​ သုံး​စွဲနိုင်​ရေး​ ကြိုး​ပမ်း​မည်ဟု သမ္မတ ကတိပြု
1 / 3
Donate to DVB

လက်ရှိပြည်သူ​တွေ အကြား​မှာ စိတ်ဝင်စား​မှု အထူး​မြင့်​တက်​နေတဲ့​ ၅၀၀၀ တန် မိုလ်ဘိုင်း​ ဖုန်း​ကိစ္စကို ပြည်သူ့​ဆန္ဒလိုလား​ချက်နဲ့​အညီ အ​ကောင်း​ဆုံး​ နည်း​လမ်း​တွေရှာပြီး​ ​ဆောင်ရွက်သွား​မယ်လို့​ သမ္မတဦး​သိန်း​စိန်က ကတိပြုလိုက်ပါတယ်။

[caption id="attachment_21940" align="alignleft" width="300" caption="တန်ဖိုးနည်း ဆင်းကတ်ဖြစ်အောင် လုပ်ပေးဖို့ တောင်းဆိုသည့် စတစ်ကာ"][/caption]

“လက်ရှိပြည်သူကြား​မှာ စိတ်ဝင်စား​မှု အထူး​ပဲမြင့်​တက်​နေတဲ့​ မိုလ်ဘိုင်း​ဖုန်း​ကိစ္စနဲ့​ ပတ်သက်ပြီး​တော့​ ​လော​လောဆယ်မှာ ကျ​နော်တို့​ တည်​ဆောက်​ရေး​ လုပ်ငန်း​တွေ ​ဆောင်ရွက်​နေရပါတယ်။ ဒီလုပ်ငန်း​တွေ ပြီး​တာနဲ့​အမျှ ပြည်သူ​တွေရဲ့​ဆန္ဒကို ပြည့်​ဝ​အောင် နိုင်ငံတကာရဲ့​ စံချိန်စံညွှန်း​တွေနဲ့​ အညီ အ​ကောင်း​ဆုံး​ နည်း​လမ်း​များ​ကို ရှာ​ဖွေပြီး​ ​ဆောင်ရွက်​ပေး​သွား​မှာ ဖြစ်ပါတယ်။”

သမ္မတဦး​သိန်း​စိန်က ပြည်​ထောင်စုလွှတ်​တော်မှာ မတ် ၁ ရက်​နေ့​က အစိုး​ရသက်တမ်း​ ၁ နှစ်ပြည့်​ မိန့်​ခွန်း​မှာ ထည့်​ပြောခဲ့​တာပါ။

အရင်ကလည်း​ မြစ်ဆုံစီမံကိန်း​ကို သူ့​အစိုး​ရ သက်တမ်း​အတွင်း​ ဆိုင်း​ငံ့​မယ် ဆိုပြီး​ ကတိ​ပေး​တဲ့​အတိုင်း​ အ​ကောင်အထည် ​ဖော်​နေတာ​ကြောင့်​ အခုမိုဘိုင်း​ဖုန်း​နဲ့​ ပတ်သက်ပြီး​ သမ္မတရဲ့​ ကတိစကား​ကိုလည်း​ အများ​က ကြိုဆိုလိုက်ပါတယ်။

ဒဂုံတက္ကသိုလ်က ​ကျောင်း​သူတဦး​ကလည်း​ ခုလို ဆိုပါတယ်။

“ငါး​ထောင်တန် ဖုန်း​ထွက်ရင်​တော့​ ဝမ်း​သာတာ​ပေါ့​။ လူတန်း​စား​မ​ရွေး​ ကိုင်​ဆောင် လို့​ရတာ​ပေါ့​။ ကိုင်​ဆောင်လို့​ရရင် ဘယ်​နေရာမှာမဆို အသုံး​ပြုလို့​ရတာ​ပေါ့​။ လုပ်ငန်း​ပဲဖြစ်ဖြစ်၊​ ​ကျောင်း​သူ​ကျောင်း​သား​ပဲဖြစ်ဖြစ် ကိစ္စ​လေး​ရှိရင် ဖုန်း​နဲ့​အလွယ်တကူ ဆက်သွယ်လို့​ ရတယ်ဆို​တော့​ ဝမ်း​သာတာ​ပေါ့​။”

ဖွံ့​ဖြိုး​မှုနိမ့်​ကျတဲ့​ ချင်း​ပြည်နယ်က ဟား​ခါး​ ​ဒေသခံတဦး​ကို ​မေး​ကြည့်​ရာမှာ တဦး​နဲ့​တဦး​ ဆက်သွယ်​ရေး​ လွယ်ကူလျင်မြန်မှာဖြစ်လို့​ တကယ် ဖြစ်လာ​စေချင်တယ်လို့​ ​ပြောပါတယ်။

“​တော​ရော မြို့​ပါ တ​ယောက်နဲ့​တ​ယောက် ကိစ္စရှိရင်လည်း​ အ​ကြောင်း​ကြား​နိုင်မယ်။ ဆက်သွယ်နိုင်မယ်ဆို​တော့​ အများ​ကြီး​ အ​ထောက်အကူ ပြုတာ​ပေါ့​။ စီး​ပွား​ရေး​လုပ်ငန်း​က​တော့​ တရွာနဲ့​တရွာ ဒီ​လောက်ကြီး​ စီး​ပွား​ရေး​လုပ်ငန်း​ဆက်သွယ်တာမရှိ​တော့​ လူမှု​ရေး​မှာပဲ ပိုပြီး​အကျိုး​ပြုမယ်လို့​ ယူဆတယ်။”

စစ်အစိုး​ရ​ခေတ်က တယ်လီဖုန်း​ဆင်း​ကတ်တခုကို ကျပ် သိန်း​ ၂၀ ​ကျော် အထိ​ပေး​ပြီး​ အစိုး​ရထံ ငှား​သုံး​နေရာက​နေ လက်ရှိမှာ ကျပ်​ငွေ ၅ သိန်း​ထိ ​လျော့​ကျလာပါတယ်။ ဒါ​ပေမယ့်​ ​ရွှေပြည် တံခွန်ကုမ္ပဏီက ဒီနှစ်ဆန်း​မှာ တယ်လီဖုန်း​ဆင်း​ကတ် တခုကို ကျပ်​ငွေ ၅၀၀၀ နဲ့​ ​ရောင်း​ပေး​မယ်ဆိုတဲ့​ သတင်း​ကြောင့်​ လူထုအကြား​မှာ အုတ်​အော်​သောင်း​တင်း​ ဖြစ်ခဲ့​ပါတယ်။ မြန်မာ့​ ဆက်သွယ်​ရေး​တာဝန်ရှိသူ​တွေက လက်ရှိတည်ဆဲဥပ​ဒေ​တွေအရ မဖြစ်နိုင်ဘူး​လို့​ ရှင်း​ လင်း​ခဲ့​ပါတယ်

၅၀၀၀ တန် ဆင်း​ကတ်ကိစ္စဟာ တအုံ​နွေး​နွေး​ ဖြစ်​နေပြီး​ လက်​တွေ့​ အ​ကောင်အထည် ​ပေါ်လာ​အောင် လူထုအကြား​ လှုံ့​ဆော်မှု​တွေ ရှိလာပါတယ်။ ပြီး​ခဲ့​တဲ့​ရက်ပိုင်း​ကပဲ ကုန်​ဈေး​ နှုန်း​ကျဆင်း​ရေး​ အဖွဲ့​ခေါင်း​ဆောင် ကိုထင်​ကျော်တို့​ဟာ ၅၀၀၀ တန်ဆင်း​ကတ် သုံး​ခွင့်​ပေး​ပါလို့​ အစိုး​ရထံ ​တောင်း​ဆိုမှုကို ​ဈေး​တွေမှာ လူထုအကြား​ ပြုလုပ်ခဲ့​ပါတယ်။ ဒီလှုပ်ရှား​မှု​ကြောင့်​ ​ခေတ္တထိန်း​သိမ်း​ခံရပြီး​ ပြန်လွတ်တဲ့​ ကိုထင်​ကျော်က မိုလ်ဘိုင်း​ဖုန်း​ ဆင်း​ကတ်ကိစ္စကို အစိုး​ရက ပြည်သူလိုလား​ချက်နဲ့​အညီ အ​ကောင်အထည် ​ဖော်မယ်ဆိုတဲ့​ သမ္မတရဲ့​ ကတိစကား​ကို ကြိုဆိုလိုက်ပါတယ်။

“​ကျောင်း​သူ​ကျောင်း​သား​ ရဟန်း​ရှင်လူ အား​လုံး​ ကျ​နော်တို့​ တိုင်း​ရင်း​သား​တွေ အပါအဝင် ကိုင်​ဆောင်နိုင်မယ့်​ ငါး​ထောင်ကျပ်တန် ဒီထက်နည်း​လည်း​ ကျ​နော်တို့​ ကြိုဆိုပါတယ်။ ကတိကဝတ်နဲ့​အညီ အမြန်ဆုံး​ ချမှတ်​ပေး​လိမ့်​မယ်လို့​ ​မျှော်လင့်​တယ်။ နိုင်ငံတိုင်း​ရဲ့​ သမ္မတ​တွေက ကိုယ်​ပြောတဲ့​စကား​ကို ကိုယ်တာဝန်ယူ​လေ့​ ရှိပါတယ်။ ကျ​နော်တို့​ နိုင်ငံ​တော်သမ္မတကြီး​ ဦး​သိန်း​စိန်ကလည်း​ အဲဒီကတိကို တည်လိမ့်​မယ်လို့​ ကျ​နော်ထင်ပါတယ်။”

မန္တ​လေး​မြို့​မှာလည်း​ တန်ဖိုး​နည်း​ တယ်လီဖုန်း​တွေ အများ​လက်ဝယ် ကိုင်​ဆောင်နိုင် ​ရေး​အတွက် လူထုအကြား​ လှုံ့​ဆော်စတစ်ကာ ၁ သိန်း​ခွဲ​ကျော် ဖြန့်​ဝေ​နေကြတယ်လို့​ ဦး​စီး​လုပ် ​ဆောင် သူ​တွေက ​ပြောဆိုပြီး​ နိုင်ငံတဝှမ်း​ တတ်နိုင်သ​လောက် လုပ်ကိုင်ကြဖို့​ တိုက် တွန်း​ကြပါတယ်။

မြန်မာနိုင်ငံမှာ တယ်လီဖုန်း​ ဆင်း​ကတ်တခုကို သိန်း​ချီ​ဈေး​ပြောပြီး​ လူထုထံ​တောင်း​ ​နေ​ပေမယ့်​ အိမ်နီး​ချင်း​ ထိုင်း​နိုင်ငံမှာ​တော့​ အခမဲ့​ဖြန့်​ချိပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013