မကွေးတိုင်းဒေသကြီး ချောက်မြို့မှာ ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူတဲ့ စည်ပင်ပန်းခြံမှာ နှစ် ၇၀ ပြည့် အာဇာနည်နေ့ အခမ်းအနားကို မနက် ၈ နာရီက ကျင်းပခဲ့ပါတယ်။
အခမ်းအနားကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဂုဏ်ပြုတပ်ဖွဲ့က နိုင်ငံတော်အလံနဲ့ ကျဆုံး အာဇာနည် ခေါင်းဆောင်ကြီးများကို အလေးပြုခြင်းနဲ့ စတင်ခဲ့ပြီး လွှတ်တော် ကိုယ်စားလှယ်ကြီးတွေနဲ့ မြို့နယ်ထွေအုပ်တို့က ပန်းခွေချ အလေးပြုခဲ့ပါတယ်။
မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ အမှတ် ၂ ရေနံချက်စက်ရုံအဖွဲ့၊ ချောက်ရေနံအဖွဲ့၊ လူဝင်ကြီးကြပ်ရေးဦးစီးဌာနအဖွဲ့၊ မြို့နယ် သဘင်ပညာရှင်အစည်းအရုံး၊ မြို့နယ်ကျန်းမာရေးအဖွဲ့၊ ချောက်နည်းပညာသိပ္ပံကျောင်းအဖွဲ့၊ မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ကြံ့ခိုင်ရေးပါတီ၊ မြို့နယ်စည်ပင်သာယာအဖွဲ့၊ မနောဖြူ လူမှုကူညီရေးအသင်း၊ ကျောင်းသူကျောင်းသားတွေ၊ ချောက်မြို့ပေါ်ရှိ ဌာနဆိုင်ရာတွေ၊ ပရဟိတအသင်း၊ ကျောင်းသူကျောင်းသားတွေက ပန်းခွေချ အလေးပြုခဲ့ပါတယ်။ မနက် ၉ နာရီ ၃၀ မိနစ်မှာ မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့မှ လူငယ်ပရဟိတအဖွဲ့တွေ၊ ချောက်ရေနံမြေ အလုပ်သမားသမဂနဲ့၊ စက်မှုလက်မှုသိပ္ပံ ကျောင်းသား သမဂ္ဂတွေ ထပ်မံချီတက်လာပြီး ပန်းခွေချ အလေးပြုခဲ့ကြပါတယ်။
မနက် ၁၀ နာရီ ၃၇ မိနစ်မှာ ဒေသခံပြည်သူအားလုံးနဲ့အတူ ဥသြဆွဲအလေးပြုခဲ့ကြပါ တယ်။
ကိုလင်း(ချောက်)