DVB Logo
Home
မြန်မာသတင်း
အ​ခြေခံဥပ​ဒေ​ပြောင်း​လဲရန် စစ်တပ်ပူး​ပေါင်း​ပါဝင်မူလိုဟု ​ဒေါ်​အောင်ဆန်း​ စုကြည်​ပြော
DVB
·
March 1, 2012
အ​ခြေခံဥပ​ဒေ​ပြောင်း​လဲရန် စစ်တပ်ပူး​ပေါင်း​ပါဝင်မူလိုဟု ​ဒေါ်​အောင်ဆန်း​ စုကြည်​ပြော
Donate to DVB

အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ဥက္ကဋ္ဌ ​ဒေါ်​အောင်ဆန်း​စုကြည်ဟာ ရှမ်း​ပြည်နယ်ရှိ တပ်နယ်ဖြစ်တဲ့​ က​လောမြို့​ကို ​ရောက်​နေပြီး​ ​ထောက်ခံသူ ​ထောင်​ပေါင်း​များ​စွာကို မိန့်​ခွန်း​ပြောတဲ့​အခါမှာ ဖွဲ့​စည်း​ပုံ အ​ခြေခံဥပ​ဒေကို ​ပြောင်း​လဲဖို့​ တပ်မ​တော်ကလည်း​ ပူး​ပေါင်း​ပါဝင်ဖို့​ လိုအပ်တယ်လို့​ ​ပြောကြား​ လိုက်ပါတယ်။

[caption id="attachment_21914" align="alignleft" width="300" caption="​ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း​ပြောကြားစဉ် (ကချင်ပြည်နယ်)"][/caption]

ဒေါ်​အောင်ဆန်း​စုကြည်က “(ဖွဲ့​စည်း​ပုံ အခြေခံဥပ​ဒေကို) မ​ပြောင်း​လဲဘဲနဲ့​ ဒီမိုက​ရေစီ အ​ခြေခံအ​ဆောက်အဦက မခိုင်မြဲနိုင်ပါဘူး​။ ဒီလို ​ပြောင်း​လဲတဲ့​အချက်ကို ​ပြောင်း​လဲတဲ့​နေရာမှာ တပ်မ​တော်ကလည်း​ ပါဖို့​ လိုတယ်ဆိုတာ အတိအလင်း​ ​ပြောပါရ​စေ။ ဖွဲ့​စည်း​ပုံ အ​ခြေခံဥပ​ဒေခိုင်မာမှ ကျမတို့​နိုင်ငံ ခိုင်မြဲမှာပါ။ ဖွဲ့​စည်း​ပုံ အ​ခြေခံဥပ​ဒေကို ​အေး​အေး​ချမ်း​ချမ်း​ တည်တည်ငြိမ်ငြိမ်နဲ့​ ​ပြောင်း​လဲဖို့​ဆိုတာ တပ်မ​တော်ရဲ့​ ပူး​ပေါင်း​ပါဝင်မှု လိုအပ်တာမို့​လို့​ တပ်မ​တော်ကလည်း​ ကျမတို့​နဲ့​အတူတူ ဒီမိုက​ရေစီပန်း​တိုင်ကို ချီတက်ချင်တယ်ဆိုတာကို ပြခြင်း​အား​ဖြင့်​ တပ်မ​တော်သား​ အား​လုံး​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ကို မဲ​ပေး​ကြပါ။”လို့​မဲဆွယ်မိန့်​ခွန်း​ ​ပြောကြား​ခဲ့​ပါတယ်။

လွတ်လပ်​ရေး​ကြိုး​ပမ်း​မှုကာလက ပြည်သူနဲ့​ တပ်မ​တော် အပြန်အလှန် ချစ်ခင်မှု၊​ အား​ကိုး​မှု ရှိခဲ့​တဲ့​ အ​ခြေအ​နေမျိုး​ အခုလည်း​ ဖြစ်​စေချင်ပါတယ်လို့​ လည်း​ ​ဒေါ်​အောင်ဆန်း​စုကြည်က ​ပြောပါတယ်။

တိုင်း​ပြည်မှာ တရား​ဥပ​ဒေ စိုး​မိုး​ရေး​ အ​ရေး​ကြီး​တဲ့​ အ​ကြောင်း​၊​ တရား​ဥပ​ဒေ စိုး​မိုး​ရေး​ဟာ ပြည်သူလူထုကို အ​ကြောက်တရား​က​နေ အကာအကွယ် ​ပေး​နိုင်ဖို့​ လိုအပ်တယ်လို့​ ​ဒေါ်​အောင် ဆန်း​စုကြည်က ​ပြောကြား​ခဲ့​ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013