DVB Logo
Home
မြန်မာသတင်း
ရခိုင်က တရုတ်ဓာတ်​ငွေ့​ပိုက်လိုင်း​ရပ်ရန် ကမ္ဘာတလွှား​တောင်း​ဆို
DVB
·
March 1, 2012
ရခိုင်က တရုတ်ဓာတ်​ငွေ့​ပိုက်လိုင်း​ရပ်ရန် ကမ္ဘာတလွှား​တောင်း​ဆို
Donate to DVB

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က​နေ တရုတ်နိုင်ငံထဲကို သွယ်တန်း​ဖောက်လုပ်​နေတဲ့​ ​ရေနံနဲ့​သဘာဝ ဓာတ်​ငွေ့​ ပိုက်လိုင်း​ စီမံကိန်း​ကို ဆိုင်း​ငံ့​ထား​ဖို့​ အဖွဲ့​အစည်း​ ၁၃၀ ​လောက်က မြန်မာသမ္မတ ဦးသိန်းစိန်ကို ​တောင်း​ဆိုလိုက်ပါတယ်။

ဒီ​တောင်း​ဆိုတဲ့​ အဖွဲ့​တွေထဲမှာ နိုင်ငံ​ပေါင်း​ ၂၀ က လူအခွင့်​အ​ရေး​အဖွဲ့​တွေနဲ့​ သဘာဝပတ် ဝန်း​ကျင် ထိန်း​သိမ်း​ရေး​အဖွဲ့​တွေ ပါဝင်ပြီး​ ဒီသမ္မတဦး​သိန်း​စိန်က ကချင်ပြည်နယ် မြစ်ဆုံ​ရေ ကာတာကိုဆိုင်း​ငံ့​သလို ဒီဓာတ်​ငွေ့​ပိုက်လိုင်း​ စီမံကိန်း​ကိုလည်း​ ရပ်နား​ဖို့​ လှုပ်ရှား​တာလို့​ ဦး​ဆောင်သူ ကိုဝင်းအောင်က ​ပြောပါတယ်။

“ဒီစီမံကိန်း​ကရတဲ့​ အကျိုး​အမြတ်​တွေရယ် အရင်း​အမြစ်​တွေကို ကျ​နော်တို့​နိုင်ငံမှာ လိုအပ်​နေတဲ့​ စွမ်း​အင်လိုအပ်ချက်ကို မဖြည့်​ဆည်း​ပေး​တဲ့​အပြင် လက်တဆုပ်စာ စစ်အုပ်စုရဲ့​ ၂၀၀၈ ဖွဲ့​စည်း​ပုံ အ​ခြေခံဥပ​ဒေ​အောက်မှာ ဒီပိုက်ဆံ​တွေကို ကြိုက်သလို သုံး​နိုင်တယ်ဆိုတဲ့​ အ​နေအထား​တခုမှာ ပြဌာန်း​ထား​တာ ​တွေ့​ရတယ်။ ဒါ​ကြောင့်​ ​လော​လောဆယ် ​ဒေသခံ​တွေ အတွက် အကျိုး​မရှိတဲ့​ ဒီစီမံကိန်း​ကို ရပ်နား​ထား​ဖို့​ ​တောင်း​ဆိုတာပါ။”

ဒီစီမံကိန်း​က ​ဒေသခံ​တွေရဲ့​ မိရိုး​ဖလာ လုပ်​နေတဲ့​ လယ်​တွေကို သိမ်း​ဆည်း​ပြီး​ နစ်နာ​ကြေး​ တချို့​ပေး​ပေမယ့်​ အလုပ်အကိုင်​ပျောက်ကုန်တာရယ်၊​ ​ဒေသံ​တွေဟာ စီမံကိန်း​လုပ်ငန်း​မှာ ​ကျောက်သယ်၊​ အုတ်သယ်အလုပ်​တွေပဲရတာ။ ဒီစီမံကိန်း​က​နေရလာမယ့်​ အ​မေရိကန်​ဒေါ်လာ ၃၀ ဘီလျံခန့်​ရှိတဲ့​ ​ငွေ​တွေကိုလည်း​ ၂၀၀၈ ဖွဲ့​စည်း​ပုံအ​ခြေခံဥပ​ဒေအရ အစိုး​ရပဲ လိုသလို သုံး​နိုင်ပြီး​ ​ဒေသခံ​တွေအတွက် အကျိုး​ခံစား​ခွင့်​ မပါတာ​တွေကိုလည်း​ ​ရွှေဂတ်စ်ရပ်တန့်​ရေး​ လှုပ်ရှား​သူ ​တွေက ​ထောက်ပြပြီး​ ဆန့်​ကျင်ကန့်​ကွက်ကြပါတယ်။

မတ် ၁ ရက်​နေ့​ကို ကမ္ဘာလုံး​ဆိုင်ရာ လှုပ်ရှား​မှု​နေ့​ အဖြစ် သတ်မှတ်ထား​ပြီး​ ဒီစီမံကိန်း​ရပ်တန့်​ဖို့​ တိုက်တွန်း​တဲ့​ လှုပ်ရှား​မှု​တွေကို ရန်ကုန်၊​ စစ်​တွေ၊​ ​ကျောက်ဖြူမြို့​ ​တွေမှာ လုပ်တယ်လို့​ သိရပါတယ်။ ဒါ့​ပြင် ထိုင်း​နိုင်ငံ ဘန်​ကောက်နဲ့​ ချင်း​မိုင်မြို့​တွေက တရုတ်သံရုံး​တွေ​ရှေ့​မှာ စီမံကိန်း​ရပ်ဖို့​ ​တောင်း​ဆို ဆန္ဒပြခဲ့​ပါတယ်။ ဂျပန်၊​ မ​လေး​ရှား​၊​ အိန္ဒိယ၊​ ဘင်္ဂလား​ဒေ့​ရှ်နဲ့​ ဥ​ရောပနိုင်ငံ​တွေမှာလည်း​ အလား​တူ လှုပ်ရှား​ဖို့​အစီအစဉ်​တွေ ရှိ​နေပါတယ်။

ရန်ကုန်မြို့​ သာ​ကေတမြို့​နယ်က တိုင်း​ရင်း​သား​ကျေး​ရွာမှာလည်း​ ဒီစီမံကိန်း​ ရပ်ဆိုင်း​ရေး​ လှုပ်ရှား​မှုကို မနက် ၉ နာရီမှာ လုပ်​ဆောင်ခဲ့​ရာမှာ လှုပ်ရှား​သူ​တွေက ‘ငါတို့​သဘာဝဓာတ်​ငွေ့​၊​ ငါတို့​အ နာဂတ်’ ဆိုတဲ့​ စာတမ်း​ပါ တီရှပ်​တွေ ဝတ်ဆင်​ဝေငှပြီး​ ပြုလုပ်ခဲ့​ပါတယ်။

သာ​ကေတက ​ရွှေဂတ်စ်လှုပ်ရှား​သူ​တွေကို တိုင်း​ရင်း​သား​ကျေး​ရွာ အုပ်ချုပ်​ရေး​မှူး​ရုံး​က​နေ မြို့​နယ်အုပ်ချုပ်​ရေး​မှုး​ရုံး​ကို ရဲက​ခေါ်​ဆောင်ပြီး​ ဒီလှုပ်ရှား​မှုကို ​နောက်​နောင်မလုပ်ဖို့​ ခံဝန်လက်မှတ်ထိုး​ခိုင်း​ပြီး​ ပြန်လွှတ်​ပေး​ခဲ့​ပါတယ်။

လှုပ်ရှား​မှုလုပ်ပြီး​ လက်မှတ်ထိုး​ခဲ့​ရသူ မမာက “လက်မှတ်ထိုး​ရတာက အခုလုပ်တဲ့​ စာရွက်​ဝေတာတို့​၊​ တီရှပ်ဝတ်တာတို့​ဟာ သူတို့​သတ်မှတ်ထား​တဲ့​ ဥပ​ဒေနဲ့​ဆို ငြိတယ်။ ဒီလိုဖြစ်တဲ့​ အတွက် တကယ်လို့​ အ​ရေး​ယူမယ်ဆိုရင် အ​ရေး​ယူနိုင်တယ်။ ဒါကို သိရှိပါတယ်ဆိုတာ လက်မှတ်ထိုး​ခိုင်း​တာပါ” လို့​ ​ပြောပါတယ်။

ရခိုင်ပြည်နယ် ​ကျောက်ဖြူမြို့​မှာလည်း​ စီမံကိန်း​ရပ်​ရေး​လှုပ်ရှား​မှုလုပ်ရာမှာ တူညီဝတ်စုံ ဝတ်တဲ့​ လူ ၆၀ ​လောက်လိုက်ပါတဲ့​ ​မော်​တော်ကား​ရဲ့​မျက်နှာစာမှာ ​ရွှေဂက်စ် လှုပ်ရှား​မှု စာတမ်း​ကို ကပ်ပြီး​ ဘုရား​ဘက်ကို သွား​ရောက်ခဲ့​ကြတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013