တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ပူးပေါင်းပြီး အစိုးရနှင့် နိုင်ငံရေး ဆွေးနွေးမည်

ဦးခွန်ဥက္ကာ (ဓာတ်ပံု - ဒီဗွီဘီ)
5.2K
ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေဟာ အစိုးရနဲ့ အပစ်ခတ်ရပ်ရေး ကိစ္စမှာ တဖွဲ့ချင်းဆီ ဆွေးနွေးပေမယ့်လည်း နိုင်ငံရေးအရ ဆွေးနွေးတဲ့အခါကျရင် အားလုံး တညီတညွတ်တည်း ဆွေးနွေးသွားကြမယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
[caption id="attachment_21898" align="alignright" width="300" caption="ဗိုလ်မှူးကြီး ခွန်ဥက္ကာ (ဓာတ်ပုံ - ဒီဗွီဘီ)"]
[/caption]
ထိုင်းနယ်စပ်တနေရာမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ ရက်ကနေ ၂၇ ရက် နေ့အထိ ၄ ရက်တိုင် အစည်းအဝေး ကျင်းပပြီး ဆုံးဖြတ်ချက် ချခဲ့တာလို့ ယူအန်အက်ဖ်စီ တွဲဖက် အထွေထွေအတွင်းရေးမှူး - ၂ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။
“တဖွဲ့ချင်းဆီ အပစ်အခတ်ရပ်စဲရေး အဆင့်တွေမှာ လက်မှတ်ထိုးပေမယ့် နိုင်ငံရေးဆွေးနွေးပွဲ အဆင့်မှာတော့ ယူအန်အက်ဖ်စီအနေနဲ့ သိုက်သိုက်ဝန်းဝန်း စုစုစည်းစည်း နိုင်ငံရေးဆွေးနွေးပွဲမှာ ၀င်ရောက်ဆွေးနွေးဖို့ အဲ့ဒါတွေ သဘောတူကြတာပါ။
ယူအန်အက်ဖ်စီ မဟုတ်တဲ့အဖွဲ့တွေ ၀၊ မိုင်းလား၊ အက်စ်အက်စ်အေ (တောင်ပိုင်း)၊ အေအယ်လ်ပီ၊ အပြင်ရောက်နေတဲ့ အဖွဲ့တွေကိုပါ တခါတည်း တိုင်းရင်းသားအင်အားစုများ အဖွဲ့ဆိုပြီး အကုန်လုံး ပေါင်းထည့်ပြီးတော့ နိုင်ငံရေး ဆွေးနွေးဖို့ပါ။”
အားလုံးပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲ ဖြစ်လာဖို့အတွက် ယူအန်အက်ဖ်စီဘက်က အစိုးရကို အကြိမ်ကြိမ်ကမ်းလှမ်းခဲ့ပြီး အစိုးရဘက်ကလည်း တဆင့်ချင်း လက်ခံသွားဖို့ ရှိတဲ့အကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင်တွေဘက်ကလည်း အစိုးရနဲ့ အပစ်အခတ်ရပ်ရေး ဆွေးနွေးပြီး လက်မှတ်ထိုးတဲ့အခါ ဒီအချက်ကိုပါ ထည့်သွင်းထားတဲ့အတွက် နိုင်ငံရေးဆွေးနွေးတဲ့အခါ အားလုံးဆွေးနွေးဖို့ လမ်းပွင့်သွားတယ်လို့ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆက်ပြောပါတယ်။
ယူအန်အက်ဖ်စီအဖွဲ့ထဲမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ပေါင်း ၁၁ဖွဲ့ ပါဝင်ပြီး ချင်းအမျိုးသား တပ်ဦး၊ ရှမ်းပြည်တိုးတက်ရေးပါတီ။ ကရင်အမျိုးသားအစည်းအရုံး၊ မွန်ပြည်သစ်ပါတီတို့ဟာ အစိုးရနဲ့ ပဏာမ အပစ်အခတ်ရပ်ရေး လက်မှတ်ထိုးခဲ့ပြီး ဖြစ်ပါတယ်။
လောလောဆယ် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၊ ကချင် လွတ်မြောက်ရေးအဖွဲ့၊ ရခိုင်အမျိုးသားညီညွတ်ရေးပါတီတို့နဲ့ နောက်ထပ် ဆွေးနွေးဖို့ စီစဉ်နေဆဲဖြစ်ပြီး ကျန်တဲ့ ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့၊ ပလောင်အမျိုးသားတပ်ဦး၊ ၀ အမျိုးသားအဖွဲ့ချုပ်တို့ကတော့ အစိုးရနဲ့ မဆွေးနွေးရသေးပါဘူး။
