DVB Logo
Home
မြန်မာသတင်း
ဟိုတယ်ဝန်ထမ်းအမျိုးသမီးကို ဂျပန်ပါးရိုက်မှု အပြန်အလှန် တရားစွဲဆို
DVB
·
February 29, 2012
Donate to DVB

ရန်ကုန်မြို့ အော့ခစ် ဟိုတယ်ဝန်ထမ်း အမျိုးသမီးကို ဂျပန်အမျိုးသားတဦးက ကိုယ်ထိ လက်ရောက် ကျူးလွန်မှုနဲ့ပတ်သက်ပြီး  အပြန်အလှန် တရားစွဲဆိုထားမှုကို ဒီနေ့ တရားရုံးက ရုံးချိန်း ခေါ်ဆိုပြီး၊ မတ်လ ၁၄ ရက်နေ့ကို ထပ်မံချိန်းဆိုလိုက်ပါတယ်။

ပုဇွန်တောင်မြို့နယ် တရားရုံးက အခုလို ချိန်းဆိုလိုက်တာဖြစ်ပြီး ဟိုတယ်ဝန်ထမ်း မအေးအေးကြည်ဘက်က  အခု တရားရုံးဟာ ဂျပန်လူမျိုးဘက်က ဘက်လိုက်မှု ရှိတဲ့အတွက် တရားရုံးပြောင်းပြီး အမှုစစ်ပေးဖို့ တင်ပြခဲ့တယ်လို့ ဟိုတယ် တာဝန်ရှိသူ တဦးက ပြောပါတယ်။

ဟိုတယ်မှာ လာရောက်တည်းခိုတဲ့ ဂျပန်အမျိုးသားက ပြင်ပက အမျိုးသမီး ၁ဦးကို ညအိပ်ဖို့ ခေါ်ယူလာတဲ့အပေါ်ကို ဧည့်ကြိုဌာန ကြီးကြပ်ရေးမှူး မအေးအေးကြည်က တားမြစ်ခဲ့တာကို မကျေနပ်တဲ့ ဂျပန်အမျိုးသားက မအေးအေးကြည်ကို ကိုယ်ထိလက်ရောက် စော်ကားခဲ့တဲ့အတွက် မအေးအေးကြည်က တရားစွဲဆိုထားပြီး ဂျပန်အမျိုးသားကလည်း သူ့ကိုတားမြစ်မှုနဲ့ ပြန်လည်တရားစွဲဆိုထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013