A d v e r t i s e m e n t With Us

ပန်းတောင်းမြို့နယ်တွင် အာဇာနည်နေ့အခမ်းအနားကျင်းပမည့်ကွင်းပြင် ရေနစ်မြုပ်

  ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ်ထဲက နှစ်စဉ်ကျင်းပနေကြဖြစ်တဲ့ အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားအတွက် စီစဉ်ထားတဲ့  ဝန်လိုရပ်ကွက် အားကစားကွင်းဟာ  ဇူလိုင် ၁၈ ရက်နေ့အထိ ရေနစ်မြုပ်နေပါတယ်။ အာဇာနည်နေ့ ကျင်းပရေးကော်မတီက ကိုကျော် က “အာဇာနည်နေ့လုပ်ဖို့က အရင်ရက်တွေက တည်းက စီစဉ်ပြီးသားဖြစ်တယ်။ ရေကအခု တရက်တည်းမှာပဲ ဝင်လာတော့ အစီအစဉ်က ပြောင်းလို့မရတော့ဘူး။ ဒီတော့ ရေထဲမှာပဲ ပန်းခွေချရတော့မှာပဲ။ လူတွေကတော့ လမ်းပေါ်ကနေ အလေးပြုပေါ့”လို့ ရှင်းပြပါတယ်။ ဧရာဝတီမြစ်ရေက ဇူလိုင် ၈ ရက်နေ့ နေ့လယ် ၁၂ နာရီ တိုင်းတာချက်အရ ၂၈၅၃ စင်တီမီတာမှာရှိပြီး ရေက အခုရက်ပိုင်းမှာ အနည်းငယ် အတက်နှေးသွားပေမယ့် အထက်ရေတွေ ကျလာဖို့ ရှိတယ်လို့ ပြည်ခရိုင် မိုး/ဇလရုံးက သိရပါတယ်။ သတင်း - မင်းညို  

A d v e r t i s e m e n t With Us

More News
Up