DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် ကေအန်ပီပီ လွိုင်ကော်သွားမည်
DVB
·
February 29, 2012
ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် ကေအန်ပီပီ လွိုင်ကော်သွားမည်
1 / 2
Donate to DVB

မြန်မာအစိုးရကို နှစ်ပေါင်းများစွာ လက်နက်ကိုင်တိုက်နေတဲ့  ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (ကေအန်ပီပီ) နဲ့ မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ တွေ  လာမယ့် မတ်လ ၇ ရက်နေ့ ကယားပြည်နယ် လွိုင်ကော်မြို့မှာ တွေ့ဆုံမယ်လို့ ကေအန်ပီပီက  ပြောပါတယ်။

အစိုးရနဲ့ လွိုင်ကော်မြို့မှာ သွားရောက် တွေ့ဆုံဆွေးနွေးဖို့အတွက် ကေအန်ပီပီ က ဗဟိုကော်မတီဝင်နဲ့ စစ်ဘက်အရပ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်တွေ စုစုပေါင်း ၁၁  ဦး ရွေးချယ်ထားတယ်လို့ ပါတီအတွင်းရေးမှူး (၁) ခူးဦးရယ်က ပြောပါတယ်။

အစိုးရကိုယ်စားလှယ်နဲ့ တွေ့ဆုံတဲ့အခါ နှစ်ဘက် သဘောထား အပေါ် မူတည်ပြီး အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုး၊ မထိုး ဆုံးဖြတ်မယ်လို့ ခူးဦးရယ်က ပြောပါတယ်။

[caption id="attachment_18147" align="alignleft" width="300" caption="ခူးဦးရယ်"][/caption]

“ဦးအောင်မင်းနဲ့ တွေ့စဉ်တုန်းကတော့ လက်မှတ်ထိုးဖို့ ကိစ္စကိုတော့ ပြောပါတယ်။ သို့သော် ကျနော်တို့က  တင်ပြဆွေးနွေးမယ့် အကြောင်းအရာတွေက အဓိကကျမယ်လို့ ထင်ပါတယ်။ ကျနော်တို့ တင်ပြဆွေးနွေးချက် အပေါ်မှာ နှစ်ဖက် သဘောတူလို့ရှိရင်တော့ စဉ်းစားမှာပါ။”

ကေအန်ပီပီအနေနဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်တွေနဲ့ ပြီးခဲ့နှစ် နိုဝင်ဘာ ၂၉ ရက်နေ့က ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် ၁ ကြိမ်၊ အခု ဖေဖော်ဝါရီ ၆ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မှာ  ၁ ကြိမ်၊ စုစုပေါင်း၂ ကြိမ် ပဏာမ တွေ့ဆုံခဲ့ပြီး ဖြစ်ပါတယ်။

အစိုးရနဲ့ တွေ့ဆုံဆွေးနွေးမယ့်ကိစ္စနဲ့ ပတ်သက်ပြီး ကရင်နီပြည်သူတွေရဲ့ သဘောထား ကောက်ခံထားတာ မရှိပေမယ့် ယေဘုယျအားဖြင့်  အများစုက ငြိမ်းချမ်းမှုကို လိုလားနေကြတယ်လို့ ကေအန်ပီပီက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013